ဘာသာရေးကိစ္စ စွဲချက်တွေနဲ့ ကိုရဲမင်းဦးကို ရုံးထုတ်စစ်ဆေး


2013.04.04

ပျောက်ဆုံးနေတယ်လို့ မိသားစုက ကြေညာချက်ထုတ်ပြန် ပြောကြားထားတဲ့ ကျောင်းသားများ သမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ကိုရဲမင်းဦးကို  ပုဒ်မ၅၀၅(ခ) နဲ့ ကျောက်တံတားမြို့နယ် အနောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

သူ့အမှုကို ဆက်လက်ပြီး ချေပဖို့အတွက် တရားလွှတ်တော် ရှေ့နေဦးအောင်သိန်းနဲ့ ဦးကျော်ဟိုး တို့က လိုက်ပါဆောင်ရွက်ပေးကြမယ်လို့ ကိုရဲမင်းဦးရဲ့ ညီဖြစ်သူ ကိုရဲမင်းအောင်က RFA ကို ပြောပါတယ်။

ဒီကနေ့ တရားရုံးထဲမှာ နှစ်မိနစ်ကြာ ရုံးထုတ်ကြားနာခဲ့ပြီး အင်းစိန်ထောင်ကို ပြန်လည်ခေါ်ဆောင်သွားတယ်လို့ ကိုရဲမင်းအောင်က ပြောပါတယ်။

ဘာသာရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သတ်လို့ သူ့ကိုစစ်ဆေးမေးမြန်းနေတယ်ဆိုတဲ့အကြောင်း၊  ဒီအရေးအခင်းတွေနဲ့ ပတ်သတ်ပြီး သူနဲ့ဘာမှမသက်ဆိုင်တဲ့အကြောင်းတွေကို ကိုရဲမင်းဦးက ပြောခဲ့ပါတယ်လို့ ကိုရဲမင်းအောင်က ပြောပါတယ်။

လာမယ့် ၉ ရက်နေ့ကို  ရုံးချိန်းပြန်ခေါ် ယူထားပြီး ကိုရဲမင်းဦးကို  မတ်လ၂၅ ရက်နေ့ကတည်းက ဗဟန်းမြို့နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။