ကာတာစင်တာရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်လှစ်မည်


2013.04.05
jimmy-carter-305.jpg အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာနဲ့ ဇနီးကို တွေ့ရစဉ်
photo: carter foundation

အမေရိကန် သမ္မတဟောင်း Jimmy Carter ရဲ့ ကာတာစင်တာရုံးခွဲကို မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့ရှိပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အကူအညီပေးသွား မှာဖြစ်သလို လာမယ့် ၂၀၁၅ ရွေးကောက် ပွဲ စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေမှာလည်း ကူညီသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာဟာ  ၈၈မျိုးဆက်ကျောင်းသားတွေနဲ့ ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ ဒီနေ့တွေ့ဆုံစဉ်မှာ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ လက်ရှိပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သဘောထားတွေကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

သမ္မတဟောင်း ဂျင်မီကာတာဟာ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအပေါ် စိတ်အားထက်သန်မှု ရှိတာတွေ့ရတယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။

အလားတူ မစ္စတာ ကာတာဟာ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေအပြင် ခရစ်ယာန်၊ အစ္စလမ်ဘာသာရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အစိုးရထိပ်တန်း ခေါင်းဆောင်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေကိုပါ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။

ဒီနေ့သမ္မတဟောင်း Jimmy Carter နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်အပါအဝင် ဘာသာရေးခေါင်းဆောင်တချို့လည်း အမေရိကန ်သမ္မတဟောင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဦးအေးသာအောင်ကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။