သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-29
ဒီအပတ် RFA စကားဝိုင်းမှာ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် အာဆီယံ၊ အမေရိကန်နဲ့ ကုလသမဂ္ဂတို့ရဲ့ လက်ရှိ ဆောင်ရွက်နေမှုတွေအပေါ် ရှုမြင်သုံးသပ်ချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
2021-10-29
အာဏာသိမ်း စစ်ကောင်စီကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ NLD ပါတီ ခေါင်းဆောင် ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်အညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၂၄ (က) နဲ့ နေပြည်တော် သီးသန့်တရားရုံးက အောက်တိုဘာလ ၂၉ ရက် ဒီနေ့မှာ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
2021-10-29
ချင်းပြည်နယ် ထန်တလန်မြို့မှာ အောက်တိုဘာ ၂၉ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေက လူနေအိမ်တွေ ဘုရားကျောင်းတွေကို ဖျက်ဆီးဝင် ရောက်ကာ ပစ္စည်းတွေကို ဥပဒေမဲ့ ယူဆောင်ပြီး မီးရှို့ခဲ့ပါတယ်။
2021-10-29
အသက် ၁၉ နှစ်သာရှိသေးတဲ့ မမိုးမိုးနွယ်ဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ စစ်ရေး ပဋိပက္ခကာလအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဘယ်ဘက်ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသူပါ။
2021-10-29
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်က ကိုဗစ်ရောဂါ အကြောင်းပြချက်နဲ့ နယ်စပ်စည်းရိုးတွေ အလျင်အမြန်ကာရံနေပြီး မြန်မာပိုင်နက်ရွာတွေအထိ ကျူးကျော်နေတာကြောင့် ကျေးရွာသားတွေနဲ့ တရုတ်နယ်စပ်အာဏာပိုင်တွေကြားမှာ မကြာခဏ နယ်မြေအငြင်းပွားမှုတွေ ဖြစ်နေပါတယ်။
2021-10-29
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါက်တာ မျိုးအောင်၊ ဦးရဲမင်းဦးနဲ့ ဦးမင်းသူ တို့ကို အရေးယူထားတဲ့ အဂတိအမှု လေးမှုကို ဒီနေ့ နေပြည်တော်က အထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
2021-10-29
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်အထွက် သရက်တောထဲမှာ အောက်တိုဘာလ ၂၉ ရက် ဒီနေ့မနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-29
စစ်ကောင်စီက နိုဝင်ဘာ ၁ ရက်ကစပြီး မြို့နယ် ၄၆ ခုကလွဲပြီး နိုင်ငံတစ်ဝှမ်းက အခြေခံပညာစာသင်ကျောင်းတွေကို ပြန်ဖွင့်မယ်လို့ အောက်တိုဘာ ၂၈ ရက်နေ့က ကြေညာခဲ့ပါတယ်။ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုတွေရှိနေသလို ဗုံးပေါက်ကွဲမှုတွေနဲ့ လက်နက်ကိုင်တော်လှန်မှုတွေ ရှိနေချိန်မှာ အခုလို ကျောင်းတွေပြန်ဖွင့်မယ့်အပေါ် ကျောင်းသားတွေရဲ့ လုံခြုံမှုနဲ့ ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။
2021-10-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်အညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၂၄ (က) နဲ့ နေပြည်တော် သီးသန့်တရားရုံးက အောက်တိုဘာလ ၂၉ ရက် ဒီနေ့မှာ အမြင့်ဆုံးထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
2021-10-29
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာက စစ်ကောင်စီသတင်းပေး ဒလန်လို့ နာမည်ကြီးနေသူ ရွာသား နှစ်ဦးနဲ့ ကန့်ဘလူမြို့နယ် မယ်စပ်တောရွာက ရွာသား တစ်ဦး အောက်တိုဘာလ ၂၈ ရက်နဲ့ ၂၉ ရက် ဒီနေ့တွေမှာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-29
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မြို့နယ်ရုံး အောက်တိုဘာလ ၂၉ ရက် ဒီနေ့ မနက်အစော ၃ နာရီခန့်မှာ ဗုံးခွဲခံလိုက် ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-29
တိုင်းရင်းသားအခွင့်အရေးတွေကို အာမခံချက်ပေးနိုင်မယ့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့ အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အကြား ဆွေးနွေးအဖြေရှာခဲ့ပေမယ့် အဆုံးသတ်မှာတော့ စစ်တပ်အာဏာသိမ်းမှုနဲ့ ကြုံလိုက်ရတာကြောင့် ဆွေးနွေးရေးနည်းလမ်းဟောင်းတွေကို စွန့်လွှတ်ပြီး ပိုထိရောက်တဲ့ နည်းလမ်းသစ်ကို ရှာဖွေနေတယ်လို့ အပစ်ရပ် အဖွဲ့အစည်းတွေက RFA ကိုပြောပါတယ်။
2021-10-29
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် နဂါးပေါက်ရွာက ရဲကင်းစခန်း အောက်တိုဘာလ ၂၉ ရက် ဒီနေ့ မနက် ၁၀ နာရီ ဝန်းကျင်မှာ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးတာ ခံလိုက်ရတယ်လို့ ဒေသခံတွေပြောပါတယ်။
2021-10-29
ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေရှို့တဲ့မီးကြောင့် မနေ့က ညနက်ပိုင်းအထိ အိမ် ၂ဝဝ ကျော်ခန့် မီးလောင်ကျွမ်းခဲ့ပြီး ဆက်လက်တောက် လောင်ဆဲ ဖြစ်ပါတယ်။ မီးလောင်ကျွမ်းသွားတဲ့ အဆောက်အဦးတွေထဲမှာ ဘုရားရှိခိုးကျောင်း ၂ ခုလည်း ပါဝင် တယ်လို့ သိရပါတယ်။
2021-10-29
မြန်မာနိုင်ငံက မြင့်တက်လာတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်ချက်တွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကို ဥရောပသမဂ္ဂ (EU) က ယူရိုငွေ လေးသန်း လှူဒါန်းလိုက်ပါတယ်။