ခင်ဦးနဲ့ ကန့်ဘလူမြို့က စစ်ကောင်စီသတင်းပေး သုံးဦး အသတ်ခံရ
2021.10.29
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာက စစ်ကောင်စီသတင်းပေး ဒလန်လို့ နာမည်ကြီးနေသူ ရွာသား နှစ်ဦးနဲ့ ကန့်ဘလူမြို့နယ် မယ်စပ်တောရွာက ရွာသားတစ်ဦး အောက်တိုဘာလ ၂၈ ရက်နဲ့ ၂၉ ရက် ဒီနေ့တွေမှာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မယ်စပ်တောရွာက စစ်ကောင်စီသတင်းလို့ဆိုသူ အသက် ၄၀ အရွယ် ဦးကျော်အေးဟာ အောက်တိုဘာလ ၂၉ ရက် ဒီနေ့ နေ့လယ်ပိုင်း ရွာအနားက တောထဲမှာ အသတ်ခံရပြီး ရွာသစ်ကုန်းရွာသား အသက် ၄၆ နှစ်အရွယ် ဦးဇော်ဝင်းနဲ့ အသက် ၄၁ နှစ်အရွယ် ဒေါ်မိမိုးကြည် တို့ကတော့ အောက်တိုဘာလ ၂၈ ရက် မနေ့ညပိုင်း တန့်ဆည်မြို့နယ် မှန်ကြိုင် - မှန်ကင်းရွာမှာ အသတ်ခံရတာလို့ ဆိုပါတယ်။
ခင်ဦးဒေသကာကွယ်ရေးအဖွဲ့ တောကြီးမြွေဟောက်အဖွဲ့ကတော့ သုံးဦးစလုံးကို သူတို့အဖွဲ့က ရှင်းလင်းခဲ့တာဖြစ်ပြီး စုစုပေါင်း သတင်းပေးဒလန် ၄၉ ဦးအထိ ရှင်းလင်းပြီးဖြစ်တယ်လို့ ပြောပါတယ်။
သေဆုံးသူတွေဟာ စစ်ကောင်စီတပ်သားတွေကို သတင်းပေးဒလန်လုပ်နေကြတာဖြစ်ပြီး ရွာသစ်ကုန်းရွာကို စစ်တပ်က ဝင်ရောက်ပစ်ခတ်ဖမ်းဆီးချိန်မှာ အတူတူပါဝင်ခဲ့သူတွေလို့ တောကြီးမြွေဟောက်အဖွဲ့က ဆိုပါတယ်။