မြောင်မြို့ နဂါးပေါက်ရွာ ရဲကင်းစခန်း မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် နဂါးပေါက်ရွာက ရဲကင်းစခန်း အောက်တိုဘာလ ၂၉ ရက် ဒီနေ့ မနက် ၁၀ နာရီ ဝန်းကျင်မှာ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးတာ ခံလိုက်ရတယ်လို့ ဒေသခံတွေပြောပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့တွေဖြစ်တဲ့ နှလုံးလှလူမိုက်ကြီးများအဖွဲ့ ၊ CDSOM ဖွဲ့ ၊ TALOKE PDF ၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ B.G.F အဖွဲ့၊ MSPDF အဖွဲ့၊ MYAUNG WOMEN WARRIORS (MWW) စတဲ့ အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ အဖွဲ့ဝင်တွေကပြာပါတယ်။
“အဲဒီကင်းစခန်းက ရဲတွေ မကြာခဏ လာတတ်တယ်၊ အမြဲတမ်းတော့မရှိဘူး၊ ဒီမနက်မှာတော့ ရဲကင်းမှာ ရှိတဲ့ အဆောက်အအုံတစ်ခုလုံးကို ကျနော်တို့အဖွဲ့က မီးရှို့ဖျက်ဆီးပစ်ခဲ့တယ် ” လို့ နှလုံးလှလူမိုက်ကြီးများ အဖွဲ့ဝင် ကိုဗာရာဟိန်းက ပြောပါတယ်။
ရဲကင်းစခန်းထဲမှာရှိတဲ့ ဆောက်အအုံတွေအားလုံးအပြင် စာရွက်စာတမ်းတွေပါ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတွေ ထိတွေ့တိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားနေသလို ရဲကင်းစခန်းတွေလည်း မကြာခဏ တိုက်ခိုက်ဖျက်ဆီးခံနေရပါတယ်။