သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-22
ဩဂုတ်လကစပြီး အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပစ္စည်းတွေ လျှော့ချကန့်သတ်ထားလို့ ထောင်ဝင်စာပစ္စည်းအရေအတွက် တိုးပေးဖို့လည်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။
2023-10-22
ကျောက်တံခါးမြို့နယ်ထဲက နံဇရွာအုပ်စုကို အောက်တိုဘာ ၂၂ ရက် ဒီနေ့နေလယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ရွာခြောက်ရွာ က ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးနေရပါတယ်။
2023-10-22
လုပ်ငန်းရှင်အများစုဟာ သတ်မှတ်ထားတဲ့အထည်ရေ မချုပ်နိုင်ရင် လုပ်ခဖြတ်တာ၊ အခကြေးငွေမပေးဘဲ အချိန်ပိုဆင်းခိုင်းတာ စတဲ့ အလုပ်သမားအခွင့်အရေးတွေကို ပုံစံမျိုးစုံနဲ့ ချိုးဖောက်နေကြတယ်လို့ ဆိုပါတယ်။
2023-10-22
မူဆယ်မြို့က ဆင်ဖြူဂိတ်မှာ တရုတ်ဘက်ကနေ လူသုံးကုန်ပစ္စည်းသယ်ဖို့ မော်တော်ဆိုင်ကယ်နဲ့ တန်းစီစောင့်ရတဲ့အခါ နေရာရောင်းစားသူတွေကြောင့် တစ်နိုင်တစ်ပိုင် အသေးစားလုပ်ငန်းလုပ်သူတွေ အခက်အခဲဖြစ်ပြီး နစ်နာနေတယ်လို့ ပြောပါတယ်။
2023-10-22
မိုးကုတ်မြို့ အထက်ညောင်ကုန်းရွာကို အောက်တိုဘာ ၂၁ ရက်ညနေမှာ စစ်တပ်က လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ဆယ်လုံးထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-10-22
မူဆယ်မြို့နယ် လမ်းဘေးအမှိုက်ပုံတစ်ခုမှာ စွန့်ပစ်ထားတဲ့ အလောင်းသုံးလောင်းကို အောက်တိုဘာ ၂၁ ရက်မှာတွေ့ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
2023-10-22
ဖားကန့်မြို့နယ် ဟောင်ပါးရွာနဲ့ အနီးနားရွာက ဒေသခံ တစ်ရာနီးပါးဟာ KIA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေဖြစ်လာမှာ စိုးရိမ်တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-10-22
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်၀င်ရောက်စီးနင်းနေတာကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-10-21
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှာ ရဲဘော် ကျီးကန်းဆိုတဲ့ နာမည်နဲ့ စစ်ပညာသင်ယူပြီး စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ခဲ့ပေမဲ့ ကံကြမ္မာဆိုးနဲ့ကြုံခဲ့ရလို့ အခုတော့ သူဝါသနာပါရာ ကျွမ်းကျင်တဲ့ ရိုက်ကူးရေးအလုပ်ကို ဆက်လုပ်နေပါတယ်။
2023-10-21
ဖျာပုံမြို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလို့ စွပ်စွဲဖမ်းဆီးခံထားရသူ ခုနစ်ဦးကို ဖျာပုံခရိုင်တရားရုံးက သေဒဏ်ချလိုက်ပါတယ်။
2023-10-21
၂၀၂၃ ခုနှစ် ဇူလိုင်ကနေ စက်တင်ဘာကုန်အတွင်းမှာတင် စစ်ကောင်စီတပ်သားတွေကြောင့် အမျိုးသမီးခြောက်ဆယ်နီးပါး သေဆုံးခဲ့တယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။
2023-10-21
AA ရဲ့ နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းဆီးပြီးရိုက်နှက်စစ်ဆေးတာကြောင့် သေဆုံးသွားတဲ့ ကိုအောင်နိုင်အတွက် နစ်နာကြေး ကျပ်သိန်းနှစ်ဆယ်ပေးခဲ့ပါတယ်။
2023-10-21
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းအုပ်စု ဆန်ခါရွာက ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုက မြေစာပုံ အောက်တိုဘာ ၂၀ ရက်နေ့က ထပ်မံပြိုကျတာကြောင့် သုံးဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။
2023-10-21
ထားဝယ်မြို့နယ် ဟိန္ဒားအုပ်စု ဖွတ်လတ်တိုရွာချောင်းဖျားမှာရှိတဲ့ သတ္တုတွင်းတစ်ခုဟာ ပြိုကျခဲ့တာကြောင့် သတ္တုရှာနေတဲ့ အရပ်သား နှစ်ဦးသေဆုံးခဲ့ပါတယ်။
2023-10-21
မတ္တရာမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခဲ့တာကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။