သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-09-19
၂၀၁၂ မတ်လအတွင်းက လျှောက်ထားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ၁၉ ဦးရဲ့ နိုင်ငံကူးလက်မှတ်တွေ ဒီကနေ့ ရရှိပြီလို့ သိရပါတယ်။ ဒီကနေ့ နေ့လည်မှာ နိုင်ငံကူး လက်မှတ်ရုံးက ကိုမြအေးဆီ ဖုန်းဆက်ပြီး နိုင်ငံကူး လက်မှတ်တွေ ရရှိပြီဖြစ်ကြောင်း အကြောင်းကြားလာတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား တစ်ဦးဖြစ်တဲ့ ကိုစိုးထွန်းက RFA ကိုပြောပါတယ်။
2012-09-19
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပြည်ပအခြေစိုက် (FTUB) မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် ဦးမောင်မောင်နဲ့ အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ဦးဆောင်တဲ့ အဖွဲ့နဲ့တွေ့ဆုံပြီး လယ်သမား အလုပ်သမားကိစ္စတွေ၊ စီးပွားရေးပိတ်ဆို့မှု ဆိုင်ရာကိစ္စတွေ၊ ILO ဥပဒေရေးရာနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2012-09-19
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှာရှိတဲ့ အိန္ဒိယနိုင်ငံသားပိုင် နီလာစတား စက္ကူကုန်ကြမ်းစက်ရုံက အလုပ်သမား (၄၀) ကျော်ဟာ သူတို့ရဲ့ တောင်းဆိုချက်(၇) ချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောတဲ့အတွက် ဒီကနေ့မနက်ပိုင်းက စက်ရုံရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
2012-09-19
ကုမ္ပဏီ ရစရာရှိတဲ့ အကြွေးများ တောင်းပေးမှ အလုပ်သမား လစာများ ထုတ်ပေးမယ်လို့ ပြောဆိုတာကြောင့် Asia Green ကုမ္ပဏီ အလုပ်သမားများ မကျေမနပ် ဖြစ်နေကြကြောင်း RFA ကို ပြောဆိုပါတယ်။
2012-09-18
အမေရိကန် ပြည်ထောင်စုကို လာရောက်တဲ့ ရည်ရွယ်ချက်က မြန်မာ့ ဒီမိုကရေစီအရေး အားပေးထောက်ခံခဲ့သူတွေကို ကျေးဇူးတင်ဖို့၊ ရှေ့ရေး ဆက်လက်ဆွေးနွေး တိုင်ပင်ဖို့ ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2012-09-18
နိုင်ငံရေးအကျဉ်းသားတွေကို အရေအတွက် အကန့်အသတ်နဲ့ လွှတ်ပေးနေတာဟာ မြန်မာအစိုးရအနေနဲ့ ရိုးသားမှု မရှိဘူးဆိုတာ ပြသနေတာဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ (AAPP ) က ပြောကြားလိုက်ပါတယ်။
2012-09-18
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆု အပါအဝင် တခြားဆုတွေကို လက်ခံယူဖို့အတွက် ဝါရှင်တန်ဒီစီ မြို့တော်ကို မနေ့က မနက် ၁ဝ နာရီခွဲမှာ ဂျပန်နိုင်ငံကတဆင့် ရောက်ရှိလာပါတယ်။
2012-09-18
၂၀၀၇ ရွှေဝါရောင် သံဃာ့တော်လှန်ရေး ၅ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ဖျာပုံလမ်းမှာရှိတဲ့ ဇေယျသိဒ္ဒိ တက္ကသီလာ သတိပဌာန်ကျောင်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပြီး ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်အပါး ၈၀ နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။
2012-09-18
သမ္မတ ဦးသိန်းစိန်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသား ၅၁၄ ဦးကို မနေ့ ညနေပိုင်းက လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၉၉ ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားပါတယ်။
2012-09-18
မြန်မာ့ ယမကာဈေးကွက်မှာ နာမည်ရနေတဲ့ GRAND ROYAL အရက်ချက်ရုံက အခြေခံ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရာမှာ ပါဝင်တဲ့ ခေါင်းဆောင်နှစ်ဦးကို ဒီနေ့ အလုပ်ထပ်ဖြုတ် လိုက်တဲ့အတွက် စက်ရုံလုပ်သား အယောက် (၃၀) တို့က မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် (၂) ကနောင်မင်းသားကြီးလမ်းမှာ တည်ရှိတဲ့ စက်ရုံဝင်းထဲနဲ့ ဝင်းပြင်ပမှာ ဒီကနေ့ နေ့လည်က စတင် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
2012-09-18
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်း တာဝန်ပေးအပ်ထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်အဖွဲ့ကို တိုင်ကြားလာတဲ့ ရခိုင်ပြည်နယ် အတွင်းက လယ်ယာမြေပြဿနာ အမှုတွေကို မနက်ဖြန် စက်တင်ဘာလ ၁၉ ရက်ကနေစပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
2012-09-17
အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်ရေးတွေ ပေးသွားဖို့ အစီအစဉ်တစ်ရပ်ကို တင်သွင်းလိုက်ပြီလို့ သိရပါတယ်။ အဲဒီအစီအစဉ်မှာ စစ်လက်နက်ခဲယမ်းတွေကလွဲရင် မြန်မာနိုင်ငံတင်သွင်းလာတဲ့ ကုန်ပစ္စည်းအားလုံးကို ဥရောပသမဂ္ဂ ဈေးကွက်ထဲကို အကောက်အခွန်မဲ့ တင်သွင်းခွင့် ပြုမယ့်အစီအစဉ်လည်း ပါဝင်ပါတယ်။
2012-09-17
ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးအပါအဝင် ရခိုင်နဲ့ မူဆလင် ခေါင်းဆောင်တွေက ရခိုင်ပြည်နယ်က တိုင်းရင်းသား လူမျိုးစုအရေးနဲ့ ပဋိပက္ခအရေးအတွက် အလေးထား ဆွေးနွေးခဲ့ကြပါတယ်။
2012-09-17
ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ကိုထွန်းအောင်ကျော်၊ ကိုမိုးသီးဇွန် ခေါင်းဆောင်တဲ့ အဖွဲ့ဟာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်းနဲ့ မြဝတီမင်းကြီးလမ်းက မြဝတီမင်းကြီးကျောင်းတိုက်မှာ တည်ဆောက်ထားတဲ့ မြောက်ပိုင်း ကျဆုံးကျောင်းသားရဲဘော်များ အမှတ်တရ ဂူဗိမာန်မှာ ဦးညွှတ်ဂါရဝပြုတဲ့ပွဲ တစ်ခုကို ဒီနေ့ နေ့လည် ၁၂ နာရီက ကျင်းပခဲ့ကြတယ်။
2012-09-17
ချင်းပြည်နယ် တောင်ပိုင်းကနေ ပြည်မကိုသွားရင် အဓိကဖြတ်သန်းရတဲ့ တံတားတွေ တောင်ကျရေနဲ့ မျောပါသွားပြီး အခုချိန်ထိ ပြန်လည်ဆောက်လုပ်ပေးတာ မရှိတဲ့အတွက် ဒေသခံတွေမှာ အခက်အခဲတွေ့ရုံမက တံတားမရှိလို့ လှေနဲ့ကူးတဲ့အခါ လှေမှောက်ပြီး သေဆုံးရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။