အမိမြေငြိမ်းချမ်းရေးအဖွဲ့ မြောက်ပိုင်းကျဆုံး ကျောင်းသားများ အမှတ်တရဂူဗိမာန်တွင် ဂါရဝပြု
2012.09.17

အဲဒီအခမ်းအနား ကျင်းပရတာနဲ့ပတ်သက်လို့ ABSDF ရဲ့ ပထမဆုံးဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ကိုထွန်းအောင်ကျော်က RFA ကို အခုလိုပြောပါတယ်။
"ဒီမိုကရေစီရေးမှာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ကျောင်းသားတွေဟာ ဒီမိုကရေစီ သူရဲကောင်းတွေ ဖြစ်တယ်။ သူတို့ဟာ အစိုးရ သူလျှိုတွေ မဟုတ်ဘူး။ နောက်ပြီးတော့ ဒီလို လူ့အခွင့်အရေးကို တန်ဖိုးထားတိုက်ပွဲဝင်တဲ့ ABSDF ဟာ ဒီမိုကရေစီရေးအရ ကြိုးစားနေတဲ့ ရဲဘော်တွေကို ဘယ်တော့မှ မမေ့ဘူး။ အမြဲတန်ဖိုးထားတယ်ဆိုတာကို ကမ္ဘာသိအောင်၊ မြန်မာပြည်က ပြည်သူတွေ၊ အနာဂတ်မျိုးဆက်တွေသိအောင် ကျွန်တော်တို့က နမူနာအနေနဲ့ တန်ဖိုးထားတယ်ဆိုတာ ပြတာ။ ကျွန်တော်တို့ ABSDF ခေါင်းဆောင်တွေဟာ ကိုယ့်ရဲဘော်တွေကို မပြောနဲ့ ရန်သူတွေကိုတောင် ဒီလိုလုပ်ရပ်မျိုး မလုပ်သင့်ဘူးဆိုတာကို ကျွန်တော်တို့က ပြောချင်တဲ့အတွက် ဒီအခမ်းအနားလုပ်တာ။ နောင်လာ နောက်သားတွေ မှတ်သားဖွယ်ရဖို့ပါ"
ဒီအခမ်းအနားမှာ မြဝတီမင်းကြီးကျောင်းဆရာတော်၊ ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဦးပဉ္စင်း ဂျောင်းဂျောင်း စတဲ့ သံဃာတော်တွေကို နေ့ဆွမ်း ဆက်ကပ်တာ၊ မြောက်ပိုင်းကျောင်းသား တပ်မတော်က ရဲဘော်ဟောင်းတွေနဲ့ မိတ်ဆက်ပြီး ရှေ့ဆက်အတူတကွ ပူးပေါင်းလုပ်ဆောင်သွားနိုင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အမိမြေငြိမ်းချမ်းရေးမစ်ရှင် ခရီးစဉ်အဖြစ် အင်အား ၄၀ ကျော်ပါဝင်တဲ့ ကိုမိုးသီးဇွန်တို့အဖွဲ့ဟာ မန္တလေးမြို့ကို မနက်ပိုင်းမှာ ရောက်ရှိခဲ့ပြီး မဟာမုနိဘုရားကြီး၊ မြဝတီကျောင်းတိုက် ဆရာတော်၊ ဘုရားကြီးအလယ်တိုက် ဆရာတော်၊ မစိုးရိမ်တိုက်သစ် ဆရာတော်တွေအပြင် ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဆရာတော်တွေကို သွားရောက် ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။