စစ်ကောင်စီတပ်စခန်း ငါးခုကိုသိမ်းပိုက်ခဲ့ကြောင်း ABSDF ထုတ်ပြန်

RFA Burmese
2025.04.16
စစ်ကောင်စီတပ်စခန်း ငါးခုကိုသိမ်းပိုက်ခဲ့ကြောင်း ABSDF ထုတ်ပြန် တိုက်ပွဲတွေအတွင်း သိမ်းဆည်းရမိသော စစ်လက်နက်ပစ္စည်းများအား ကျောင်းသားတပ်မတော် (ABSDF)က ၂၀၂၅ ဧပြီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
ABSDF

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းနဲ့ ဂန့်ဂေါမြို့နနယ်မြောက်ပိုင်းနယ်မြေတွေမှာ အချိန်နှစ်လအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းငါးခုကို မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကျောင်းသား တပ်မတော်(ABSDF) က ဧပြီလ ၁၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၁ ရက်နေ့ မနက်က ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမပေါ်က စစ်ကောင်စီတပ် အခိုင်အမာနေရာယူထားတဲ့ ကြံသာကျေးရွာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုမှာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ကမ်းပါးနီတပ်စခန်း၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ မှန်တော၊ အောင်သာယာ (အနောက်)၊ အောင်သာယာ (အရှေ့) တပ်စခန်း စတဲ့တပ်ခခန်းတွေကို သိမ်းပိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

CDF-KKG က ဖော်ဆောင်ခဲ့တဲ့ ဒီစစ်ဆင်ရေးတွေကို အခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက် ခဲ့တာလို့လည်း ကျောင်းသားတပ်မတော် (ABSDF) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီနှစ်လတာ စစ်ဆင်ရေးအတွင်း ABSDF ရဲ့တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့လည်းဆိုပါတယ်။

ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။