ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်တဲ့ အာရှအသံ(RFA) ရုံးချုပ်လာရောက်လည်ပတ်
2012.09.18

ဝါရှင်တန် ဒီစီ မြို့တော် အခြေစိုက် လွတ်လပ်တဲ့ အာရှအသံ RFA ရုံးချုပ်ကို လာရောက် လည်ပတ်စဉ်အတွင်း မြန်မာဌာနနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။
"ကျွန်မ ဒီလာတယ်ဆိုတာ အဓိကကတော့ အကြောင်းနှစ်ကြောင်းပေါ့နော်။ တစ်ကြောင်းကတော့ ကျွန်မတို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို အားပေးခဲ့တဲ့ ကူညီခဲ့တဲ့ အမေရိကန်မှာရှိတဲ့ အမေရိကန်လွှတ်တော် အမတ်တွေနဲ့ တခြားပုဂ္ဂိုလ်ကြီးတွေကို ကျေးဇူးတင်တယ်ဆိုတာပြောဖို့။ ဒုတိယကတော့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ထွန်းကားမှုကို ဆက်လက်ပြီးတော့ ဘယ်လိုပုံစံနဲ့ ကူညီနိုင်မလဲဆိုတာကို တိုင်ပင်ပြီးတော့ လုပ်သွားဖို့ ဖြစ်ပါတယ်"
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ - ဒီကိစ္စဖြေရှင်းဖို့ဆိုရင် အမုန်းတရားရဲ့ အရင်းခံဇစ်မြစ်တွေကို ဖယ်ရှားပစ်ရမှာဖြစ်ပြီး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတွေအပေါ် လေးစားလိုက်နာမှု၊ ညှိုနှိုင်းဆောင်ရွက်မှု တွေနဲ့ ဖြေရှင်းသွားရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ပဋိပက္ခဖြေရှင်းရေး ပြောဆိုကြတဲ့အခါ ဘယ်သူတွေက ဘယ်လိုအကြံဉာဏ်တွေပဲ ပေးပေး၊ ရှောင်လွှဲလို့မရတဲ့ ကိစ္စကတော့ တစ်ဖက်သားနဲ့ စကားပြောရပါမယ်၊ ညှိနှိုင်းရပါမယ်၊ ပြဿနာတွေကို ဓားနဲ့ဖြေရှင်းမယ့်အစား စကားနဲ့ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခအပေါ် ဒေါ်အောင်ဆန်းစုကြည် အသံမထွက်ဘဲ တိတ်ဆိတ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း မိမိတို့အနေနဲ့ အစိုးရတစ်ရပ် မဟုတ်တဲ့အတွက် ဘာလုပ်မယ်၊ ဘာတွေဆောင်ရွက်မယ်ဆိုတာ ဆုံးဖြတ် ပြောဆိုနိုင်တဲ့ အနေအထားမှာ မရှိဘူးဆိုတာ နားလည်ကြဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ မနက်ပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့ပြီး USIP ခေါ် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆိုင်ရာအဖွဲ့နဲ့ Asia Society အဖွဲ့တို့ ပူးတွဲ ကမကထ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကိုလည်း တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းတွေကို နားဆင်နိုင်ပါတယ်။
![]() |
တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၈ ရက်နေ့က ဝါရှင်တန် ဒီစီ မြို့တော်ရှိ အာအက်ဖ်အေ ဌာနချုပ်ကို လာရောက်လည်ပတ်ခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဦးခင်မောင်စိုးနဲ့ ဦးဝင်းနိုင်တို့က တင်ပြထားပါတယ်။
![]() |
တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |