သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-30
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးဖောင်းပွပြီး နိုင်ငံခြားငွေကြေး လဲလှယ်မှုနှုန်းတွေနဲ့ ပြည်တွင်းရွှေဈေးနှုန်းတွေ၊ ကုန်ဈေးနှုန်းတွေဟာ မကြုံစဖူး စံချိန်တင် မြင့်တက် လာနေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ အခုလို ငွေကြေး ဖောင်းပွမှု မြင့်နေတာကြောင့် ပြည်သူတွေ စားဝတ်နေရေးအကျပ်အတည်းတွေနဲ့ ပိုမိုရင်ဆိုင်လာရနိုင်တယ်လို့ သုံးသပ် ကြပါတယ်။
2021-09-30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက်ဟာ စက်တင် ဘာလ ၂၁ ရက်နေ့ကတည်းက အဖမ်းခံရတာ ဒီနေ့အထိဆိုရင် ၁၀ ရက်ရှိလာခဲ့ပါပြီ။ သူ့ကို ဘယ်မှာထိန်းသိမ်းထားတယ် ဘယ်လိုတွေ စစ်ဆေးခံနေရတယ်ဆိုတဲ့ နောက်ဆက်တွဲ သတင်းအစအနကို လည်း ဒီနေ့အချိန်ထိ မသိရသေးပါဘူး။
2021-09-29
မြန်မာနိုင်ငံရဲ့ အခြေအနေတွေ တနေ့တခြားယိုယွင်းလာနေတဲ့အတွက် ချမ်းသာသူတွေရော ဆင်းရဲသူတွေပါ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပါပြီ။ ဆင်းရဲပင်ပန်းမှုကို သာမန်အခြေခံလူတန်းစားတွေက ပိုပြီး ခံစားနေရပါတယ်။ စိုက်ပျိုးစရိတ် မကြုံစဖူးများလာတဲ့အတွက် လာမယ့်ဆောင်းစပါးကို စိုက်မယ့်သူ မရှိတော့ဘူးလို့ လယ်သမားတွေက ပြောကြပါတယ်။
2021-09-29
စစ်တပ်အာဏာသိမ်းအပြီး၊ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ တခြားနိုင်ငံ ငယ်တွေ ကြုံခဲ့ရတဲ့ အာဏာသိမ်းဖြစ်ရပ်အခြေအနေတချို့ကို RFA ဝိုင်းတော်သား ဦးသစ်ဆင်း က စုစည်းတင်ပြထားပါတယ်။
2021-09-29
မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပါအဝင် စီးပွားရေးကျဆင်းမှုနဲ့ အလုပ်လက်မဲ့ ပြဿနာ၊ နေ့စဉ်တိုးလာနေတဲ့ စစ်ဘေးဒုက္ခသည်အရေး၊ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာ အာမခံချက်မပေးနိုင်တဲ့ အထွေ ထွေအကျပ်အတည်းတွေကို စစ်အာဏာသိမ်းထားတဲ့ အချိန်ရှစ်လနီးပါး ရောက်လာတဲ့အထိ မဖြေရှင်းနိုင်သေးပါဘူး။
2021-09-28
Covid-19 Delta variant ကူးစက်ပျံ့နှံ့တဲ့အတွက် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေး နာလန်ပြန်ထူလာမယ့် အခွင့်အလမ်းနည်းပါးရတယ်လို့ ကမ္ဘာ့ဘဏ်က ဒီလ ၂၇ ရက်က ပြောကြားချိန်မှာ မြန်မာနိုင်ငံမှာ ဒေါ်လာဈေး အလွန်အမင်းတက်နေပါတယ်။
2021-09-28
မြန်မာနိုင်ငံမှာ ကျဆင်းနေတဲ့စီးပွားရေးကဏ္ဍကို ပြန်လည်နာလန်ထူဖို့ ဆောင်ရွက် ရာမှာ အထောက်အကူ ပြုနိုင်ဖို့ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုကို မကြာခင်ပြန်ဖွင့်နိုင်အောင် ကြိုးပမ်းနေတယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီက ပြောပါတယ်။
2021-09-28
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ငါးလကြာ အပစ်အခတ်ရပ်စဲမယ် ဆိုတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ကြေညာချက်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ စစ်တပ်အကြား ဖြစ်ပေါ်နေတဲ့ စစ်ရေး အကျပ်အတည်း တွေကို ဖြေလျှော့ပြီး တစ်ဘက်မှာတော့ ခုခံစစ် ဆင်နွှဲနေတဲ့ PDF တွေကို နှိပ်ကွပ်ဖို့ ဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ၊ နိုင်ငံ ရေးလေ့လာသူတွေနဲ့ PDF တွေက သုံးသပ်ကြပါတယ်။
2021-09-28
RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန် ရှစ်လနီးပါးကာလအတွင်း စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ ပြည်သူ ၅၄ ဦးအထိရှိလာပါပြီ။ ဒီအရေအတွက်ဟာ မတ်လကနေ အခု စက်တင် ဘာလ ၂၆ ရက်နေ့အထိ စာရင်းဖြစ်ပါတယ်။
2021-09-24
မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာနေပြီး၊ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ကြိုးပမ်းမှုတွေလည်း မအောင်မမြင်ဖြစ်နေတဲ့အတွက်၊ အကူအညီတွေ အသည်းအ သန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။
2021-09-24
မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းတွေက မြို့နယ်ပေါင်း ၁၀ ခုမှာ စစ်ကောင်စီက မိုဘိုင်းအင်တာနက် ဖြတ်တောက်ခံထားရတာ ဒီနေ့ဆိုရင် ၁၀ ရက်မြောက်ရှိ လာပါပြီ။ အခုလို အင်တာနက်ဖြတ်တောက်မှုကြောင့် ဒေသခံတွေရဲ့ နေ့စဉ်လူမှုဘဝတွေ ထိခိုက်လာနေသလို စစ်ကောင်စီက သံသယနဲ့ ဖမ်းဆီးမှုတွေလည်း ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-23
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet မီရှဲဘက်ချလက် က မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေပိုမိုဆိုးဝါးလာနေတဲ့အတွက် ထိန်းသိမ်းလို့မရတဲ့ အခြေအနေတွေ မရောက်ခင်မှာ တားဆီးမှုတွေကို အရေးတကြီး ဆောင်ရွက်ဖို့လိုနေပြီလို့ မနေ့က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့အရေးလေ့လာသူတချို့ရဲ့ အမြင်တွေကို တင်ပြထားပါတယ်။
2021-09-23
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်ဖို့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေ ပိုများလာတယ်လို့ ပြည်ပထွက်ခွာဖို့ ပြင်ဆင်နေသူတွေက ပြောပါတယ်။
2021-09-23
အမျိုးသားညီညွတ်ရေးအစိုးရ NUG က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲခေါ် ပြီးတဲ့နောက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ဖို့ ဆက်သွယ်လာတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်အရေအတွက်ဟာ နှစ်ပတ်အတွင်း ၄၀၀ ကျော်ထိရှိလာ တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်သူ့ရင်ခွင်အဖွဲ့က ပြောပါတယ်။
2021-09-22
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော် လှန်ကြဖို့ ကြေညာခဲ့ပြီးနောက် စစ်ကောင်စီက အင်အားသုံးဖိနှိပ်မှုတွေကို ပိုမိုလုပ်ဆောင်လာတာကို တွေ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။