သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-09
စစ်ကိုင်း၊ မကွေးနဲ့ ကယားပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခု မတ်လ ပထမပတ်အထိ သုံးလကျော်အတွင်း မီးရှို့အသတ်ခံရသူပေါင်း ၇၀ ဝန်းကျင် ရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-03-08
စစ်အာဏာသိမ်းလိုက်တဲ့ မနှစ်က ဖေဖော်ဝါရီက နိုဝင်ဘာအတွင်း သစ်ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော်ဖိုးရှိပါတယ်။ ဒီအထဲ ဒေါ်လာ ၃၂ သန်းဖိုးက MTE ကို အရေးယူထားတဲ့ နိုင်ငံတွေဆီတင်ပို့တာဖြစ်ပြီး ၂၂ သန်းဖိုးက အီးယူ-ဥရောပသမဂ္ဂ နိုင်ငံတွေဆီ ကျန် ၁၅၄ သန်းဖိုးကတော့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ထိုင်း အပါအဝင် ဒဏ်မခတ်အရေးမယူတဲ့ နိုင်ငံတွေကို တင်ပို့တယ်လို့ ပြောပါတယ်။
2022-03-08
တိုင်းရင်းသားလက်နက်ကိုင်တွေ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဥပဒေနဲ့အညီ ဆက်ဆံပေမယ့် စစ်ကောင်စီဘက်ကတော့ သူတို့ ဖမ်းဆီးမိသူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုက ပြောပါတယ်။ အာဏာဖီဆန်ရေး CDM လုပ်နေတဲ့ စစ်ဗိုလ်တစ်ဦးကလည်း မြန်မာစစ်တပ်ဟာ စစ်မြေပြင်မှာ လိုက်နာရမယ့် စည်းမျဉ်းတွေကို ချိုးဖောက်နေတယ်လို့ဆိုပါတယ်။
2022-03-08
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ် အာဏာသိမ်းခဲ့ချိန်ကစပြီး ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ကယားပြည်နယ်အတွင်းက ခရစ်ယာန်အသင်းတော်နယ်ပယ် ၁၆ ခုက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် မြို့တွေမှာ လူသူကင်းမဲ့နေပါတယ်။
2022-03-08
အဲဒီထဲမှာ NLD ကိုယ်စားလှယ်တွေနဲ့ ပါတီဆက်နွယ်သူတွေက အများဆုံးဖြစ်ပြီး စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ဒီနေ့အထိ ၁၃ လတာ ကာလအတွင်း NLD ပါတီကိုယ်စားလှယ် ၁၀၀ နီးပါးရဲ့နေအိမ်တွေ ချိပ်ပိတ်ခံခဲ့ရတယ်လို့ NLD က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။ အဲဒီထဲမှာ အခု ၂ဝ၂၂ ခုနှစ်အတွင်း နေအိမ်ပိတ်သိမ်းခံရတာက ၆၀ ဝန်းကျင် ရှိပါတယ်။
2022-03-08
စစ်ကိုင်းတိုင်းမှာ လေးလနီးပါးအတွင်း စစ်ကောင်စီကို တော်လှန်ရင်း အဖမ်းခံထားရတဲ့ PDF ရဲမေ ၂၀ ရှိတယ် လို့ စုံစမ်းသိရှိရပါတယ်။
2022-03-07
မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုပပျောက်ရေးအတွက် အမျိုးသမီးတွေရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ဖော်ထုတ်တင်ပြဖို့ ရည်ရွယ်ပြီး မတ်လ ၈ ရက်နေ့ကို အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် အခမ်းအနားတွေကို ကျင်းပကြပါတယ်။ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်းရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
2022-03-07
ဒီအပတ် RFA စကားဝိုင်းမှာ ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး အကျယ်တဝင့် တင်ပြခဲ့ပါတယ်။ ရုရှားရဲ့ကျူးကျော်မှု၊ ယူကရိန်းနိုင်ငံသားတွေရဲ့ ရဲရင့်စွာ ခုခံမှု၊ နိုင်ငံတကာရဲ့ တုံ့ပြန် ကူညီမှုတွေနဲ့ ပတ်သက်ပြီး အောက်စဖို့ဒ်တက္ကသိုလ်ရောက် သုတေသီ ဦးဝင်းမျိုးသူ၊ တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရန်း နဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မသဉ္ဖာရွှန်းလဲ့ရည် တို့ ပါဝင်ဆွေးနွေးခဲ့ကြတဲ့အချက်တချို့ကို အနှစ်ချုပ်အဖြစ် RFA အဖွဲ့သား ဦးခင်မောင်စိုး က အခုလို တင်ပြထားပါတယ်။
2022-03-07
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြသူတွေထဲက ထင်ရှားသူတချို့ အခုမတ်လအတွင်းမှာ နိုင်ငံသားအဖြစ်ကနေ ရပ်စဲခံနေရပါတယ်။ မတ်လ ၇ ရက်နေ့အထိ ရပ်စဲခံရသူပေါင်း ၁၆ ဦးရှိသွားပါပြီ။
2022-03-07
စစ်ကိုင်းတိုင်းက ရွာတွေမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် ဖေဖော်ဝါရီ တစ်လတည်းမှာတင် အရပ်သား ၄၇ ဦး သေဆုံးခဲ့ပါတယ်။
2022-03-07
မြန်မာပြည်က တချို့နေရာတွေမှာ ၂၄ နာရီလုံးလုံး လျှပ်စစ်မီးပြတ်မယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၆ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2022-03-07
ကယားပြည်နယ်ဘက်ကို ရိက္ခာတင်တဲ့ကားတွေကို စစ်ကောင်စီဘက်က စစ်ဆေးပိတ်ဆို့တာတွေ များလာတဲ့အတွက်ကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနဲ့ ကယားပြည်နယ် နန်းမယ်ခုံမြို့က စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ဟာ အစာအာဟာရ ပြတ်လပ်မှုဒဏ်ကို ခံစားနေရပြီလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
2022-03-05
ရခိုင်ပြည်နယ်ရဲ့ အနာဂတ်အမျိုးသားနိုင်ငံတော်ကို ရက္ခိုင့်တပ်တော် AA နဲ့ ရခိုင်ပြည်သူတွေကိုယ်တိုင် သီးသန့် တည်ဆောက်သွားမယ်လို့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောလိုက်ပါတယ်။
2022-03-04
ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားနိုင်ငံကို အနောက်နိုင်ငံတွေနဲ့ အဓိကကျတဲ့ အာရှနိုင်ငံတွေက ရက်ပိုင်းအတွင်းမှာပဲ ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ တုံ့ပြန်ခဲ့တာတွေ့ရပေမယ့် မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတာ တစ်နှစ်ကျော်အထိ ကြာလာပေမယ့် နိုင်ငံတကာက ထိရောက်တဲ့ တုံ့ပြန်မှုတွေ မရှိသေးဘူးလို့ RFA ပြင်ပဆောင်းပါးရှင်တစ်ဦးက ရေးသားလိုက်ပါတယ်။
2022-03-04
စစ်ကောင်စီက ထာဝရ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်တယ်ဆိုပြီး ဒီနှစ်ကုန်အထိ အပစ်အခတ် ရပ်စဲရေး ကြေညာလိုက်ပါတယ်။