သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-14
ချင်းနဲ့ ကယားက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဟာ အုပ်ချုပ်ရေးကိစ္စတွေ ကို ၉၀ ရာခိုင်နှုန်းကျော် စီမံခန့်ခွဲနိုင်ပြီလို့ ပြောပါတယ်။
2022-02-12
ရဟတ်ယာဉ်တွေကို ကယ်ဆယ်ရေးနဲ့ တိုက်ခိုက်ရေး မှာအသုံးချနိုင်ပြီး စစ်ကောင်စီကတော့ တိုက်ခိုက် ရေးမှာ အသုံးပြုနေပါတယ်။
2022-02-11
စစ်ကောင်စီက ဒီကနေ့ကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ကြီးတွေ တက်ရောက်မှာ မဟုတ်ဖူးလို့ သိရပါတယ်။ ဒီအတောအတွင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က NUG အစိုးရနဲ့ CRPH၊ PDF စတဲ့အဖွဲ့တွေဟာ အကြမ်းဖက်အဖွဲ့တွေဖြစ်တယ်လို့ ပြောဆိုခဲ့တာကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ငြင်းဆိုလိုက်ပါတယ်။
2022-02-10
အခုအခါ အာဆီယံအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်တွေကထက် အကွဲအပြဲတွေ ပိုမိုများပြားလာခဲ့ပါတယ်။ အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့ မြန်မာအပါအဝင် ဒေသတွင်း နိုင်ငံတွေကြားက ပြဿနာတွေကို စွမ်းစွမ်းတမံ၊ သမာသမတ်ကျကျ ဖြေရှင်းနိုင်ပါမလား...။
2022-02-10
အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုနေ့အခမ်းအနားနဲ့ တဆက်တည်းကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ထားပါတယ်။ အဲဒီ ဖိတ်ခေါ်ချက်ကို ပါတီအဖွဲ့အစည်း တချို့က တက်ရောက်မှာ မဟုတ်ဘူးလို့ ကြေညာထားပြီး တချို့ကတော့ တက်ရောက်မယ်လို့ ပြောပါတယ်။
2022-02-10
စစ်အာဏာသိမ်း တစ်နှစ်တာကာလအတွင်း ချင်းလူမျိုး ၂၀၀ နီးပါး အသတ်ခံရပြီး၊ ၉၀၀ ကျော် အဖမ်းခံထား ရကြောင်း RFA က ဆက်သွယ်မေးမြန်းစဥ် ချင်းရေးရာအဖွဲ့ချုပ်နဲ့ ချင်းတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ NUG အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဝန်ကြီး ဒေါက်တာဆာဆာက ပြောကြားလိုက်ပါတယ်။
2022-02-10
ပုလဲမြို့နယ်မှာ တစ်ပတ်အတွင်း ရွာငါးရွာက အိမ် ၁၄၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-02-09
NUG အစိုးရခေါင်းဆောင်တစ်ဦး ငွေကြေး အလွဲသုံးစားမှု ရှိတယ်ဆိုပြီး ရှင်းလင်းဖို့ စွပ်စွဲပြောဆိုချက်တချို့ ဒီရက်ပိုင်းအတွင်း လူမှုမီဒီယာတွေမှာ ပေါ်ထွက်လာခဲ့ပါတယ်။ NUG ခေါင်းဆောင်ပိုင်းကတော့ အဲဒီ စွပ်စွဲမှုတွေဟာ အခြေအမြစ် ကင်းမဲ့ပြီး မိမိတို့အဖွဲ့အစည်းမှာ ပြည်သူလူထုထံက ရရှိငွေတွေကို လေလွင့်မှုမရှိအောင် စည်းကမ်းတွေ ချမှတ်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်
2022-02-09
အသံတိတ်သပိတ်မှာ ပါဝင်မယ်လို့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးသားခဲ့တဲ့သူ အယောက် ၂၀၀ ခန့်ကို ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ နှစ်ရှည်ထောင်ဒဏ် ကျခံရနိုင်တဲ့ ပုဒ်မတွေနဲ့လည်း အရေးယူထားတယ်လို့ ဆိုပါတယ်။ ဒီဖမ်းဆီး အရေးယူမှုတွေကို ကြည့်ရင် စစ်ကောင်စီဟာ အွန်လိုင်းအသုံးပြုသူတွေကို စောင့်ကြည့်နေတယ်ဆိုတာ ထင်ရှားနေတယ်လို့ လူ့အခွင့်အရေးသမားတွေက ထောက်ပြပြောဆိုကြပါတယ်။
2022-02-09
စစ်ကိုင်းတိုင်းက မြို့နယ်လေးခုမှာ ၁၀ ရက်အတွင်း လူ အယောက် ၄၀ နီးပါး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2022-02-08
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သယ်ယူပို့ဆောင်ပေးဖို့နဲ့ မြေပြင်တိုက်ပွဲတွေကို အထောက်အကူပေး ပစ်ခတ်နိုင်ဖို့ စစ်လက်နက် ပစ္စည်းတွေ ရရှိအောင်ကြားက ဆောင်ရွက်ပေးတဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူ ပေးတဲ့ ပွဲစားကုမ္ပဏီတွေကို မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ Justice for Myanmar အဖွဲ့က စုံစမ်းဖော်ထုတ်လိုက်ပါတယ်။
2022-02-08
ရှမ်းပြည်ညီညွတ်ရေးကော်မတီ Committee for Shan State Unity (CSSU) က ဖေဖော်ဝါရီလ ၇ ရက်နေ့စွဲနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး မူဝါဒကြေညာစာတမ်းတစ်စောင် ထုတ်ပြန်ပြီး ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသူအားလုံးနဲ့ အဖွဲ့အစည်းအားလုံးအကြားမှာ ယုံကြည်မှုတွေ တည်ဆောက်ပြီး တန်းတူရည်တူ အခွင့်အရေး ရရှိရေးနဲ့ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် အပြီးအပိုင် ဖယ်ရှားရေးအတွက် တိုက်တွန်းလိုက်ပါတယ်။
2022-02-08
စစ်ကောင်စီကကမ်းလှမ်းတဲ့ ထာဝရငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ချက်မှာ ငြိမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးမပါဝင်သလို မကြာခင်သီတင်းပတ်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာပြည်လာရောက်စဉ် လက်မှတ်ထိုးခဲ့တဲ့ နှစ်နိုင်ငံသဘောတူညီချက်ကိုလည်း ဖောက်ဖျက်နေတဲ့အတွက် ဆွေးနွေးပွဲမအောင်မြင်နိုင်ဘူးလို့ ပြည်ပပညာရှင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
2022-02-08
ပြည်ထောင်စုနေ့အခမ်းအနားနဲ့ အကြိုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို KNU နဲ့ CNF ကလွဲရင် NCA ထိုးထားတဲ့ ကျန်လက်နက်ကိုင်အဖွဲ့အများစု တက်ရောက်ဖို့ ပြင်ဆင်နေပါတယ်။
2022-02-08
မကွေးတိုင်းမှာ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း ဒေသခံ PDF အဖွဲ့ဝင်တွေနဲ့ အရပ်သား ၁၀၉ ဦး သေဆုံးခဲ့ရသလို မီးရှို့ခံရတဲ့ ရွာပေါင်း ၂၀ ကျော်အထိရှိခဲ့ပါတယ်။