သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-30
၂ဝ၂၃ ခုနှစ်မှာ ကျရောက်မယ့် လွတ်လပ်ရေးနေ့ဟာ ၇၅ နှစ် ပြည့်မြောက်တာဖြစ်လို့ စိန်ရတုအထိမ်းအမှတ် ဖြစ်ပါတယ်။ အဲဒီနေ့ဟာ မြန်မာနိုင်ငံအတွက် ထူးခြားတဲ့နေ့ဖြစ်ပေမယ့် မြန်မာ့လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကြီးလည်း ထက်ကြပ်မကွာ ဖြစ်ပေါ်လာပါတယ်။
2022-12-23
ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်-ဒလပြေးဆွဲနေတဲ့ ခရီးသည်တင်သင်္ဘောမှာ ဗုံးပေါက်ကွဲလို့ အရပ်သား ၁၇ ယောက်ဒဏ်ရာရသွားပါတယ်။ နိုင်ငံရေးအကျဉ်းသားမိသားစုတွေ စားသောက်စရာပို့တဲ့နေရာမှာ ဗုံးပေါက်ကွဲလို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်ရဲ့ မိခင်အပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။ ဒီလို အရပ်သားတွေ အသက်အန္တရာယ်ဖြစ်နေတာတွေ ဘယ်လိုတားဆီးမလဲဆိုတာနဲ့ပတ်သက်လို့ ဒီတစ်ပတ်စကားဝိုင်းမှာ တင်ပြမှာဖြစ်ပါတယ်။
2022-12-16
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က စစ်ကောင်စီ ဖမ်းဆီးထားတဲ့ NLD ပါတီရဲ့ ၅ ဆက်မြောက် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်တယ်လို့ သတင်းထွက်နေတဲ့ ပါတီဝင် ၂ ဦးက သွားရောက် တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ NLD ပါတီရုံးခန်း ပြန်ဖွင့်နိုင်ရေး၊ ရွေးကောက်ပွဲဝင်နိုင်ရေးအတွက် သွားရောက်တွေ့ဆုံတာဖြစ်တဲ့အကြောင်း သတင်းတွေအရ သိရပါတယ်။ NLD ပါတီက ပါတီဝင်အချို့ဟာလည်း ဖမ်းဆီးထိန်းသိမ်းခံရသူတွေ စစ်အာဏာသိမ်းတာကို ဆန့်ကျင်နေတဲ့သူတွေဟာလည်း တစ်ဖက်မှာ ရှိနေပါတယ်။
2022-12-09
လူနေအိမ်တွေကို အင်အားသုံးဖယ်ရှားနေတဲ့ စစ်ကောင်စီလုပ်ရပ်က စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဝေဖန်လိုက်ပြီး ဒီလုပ်ရပ်တွေ ရပ်ဖို့လည်း တိုက်တွန်းထားပါတယ်။ စစ်ကောင်စီရဲ့ ဒီစီမံချက်ဟာ ဥပဒေနဲ့မညီသလို အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်ရာရောက်တယ်လို့ ဝေဖန်ကြပါတယ်။
2022-12-02
စစ်တပ်အာဏာ သိမ်းလိုက်တဲ့နောက်ပိုင်း တိုက်ပွဲတွေကြောင့် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတဲ့ ပြည်သူတွေအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့နေရာမှာ ရှိနေပါတယ်။ ဒီအချိန်မှာ စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ “အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ” က အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ရပ်တည်ရ ပိုခက်ခဲလာအောင် ထိန်းချုပ်ဖို့ ကြိုးစားတာလို့ ထောက်ပြကြပါတယ်။
2022-11-25
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း လပိုင်းအတွင်းမှာ အာဆီယံခေါင်းဆောင်တွေ မြန်မာ့အရေးအတွက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ကြပြီး Five Point Consensus လို့ခေါ်တဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ အလုပ်မဖြစ်ဘူးလို့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။
2022-11-18
နိုဝင်ဘာလ ၁၇ရက်နေ့က စစ်ကောင်စီဟာ တစ်နိုင်ငံလုံးကအကျဉ်းထောင်တွေက အကျဉ်းသား ခြောက်ထောင်နီးပါးကို လွှတ်ပေးခဲ့ပါတယ်။ ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေပါတယ်ဆိုပေမယ့် တချို့ဟာ ပြစ်ဒဏ်ရက်စေ့သူတွေ၊ လွတ်ရက်စေ့ဖို့ လအနည်းငယ်သာ လိုတော့သူတွေ၊ ပြီးတော့အပြည်ပြည်ဆိုင်ရာက အာရုံစိုက်သူတွေနဲ့ နိုင်ငံခြားသားတွေပါဝင်နေတာကြောင့်၊ အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဟာ အပြည်ပြည်ဆိုင်ရာကို ပြဖို့သက်သက်ဖြစ်တယ်လို့ သုံးသပ်သူတွေရှိပါတယ်။
2022-11-11
စစ်ကောင်စီက လာမယ့် ၂ဝ၂၃ ဩဂုတ်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင်မှာ လက်နက်ကိုင်ခုခံမှုတွေ အားကောင်းတဲ့နယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို တစ်ဘက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေက ၂ဝ၂၃ ကို တော်လှန်ရေးအဆုံးသတ်မယ့်နှစ်အဖြစ် သတ်မှတ်ပြီး စစ်ရေးအရှိန်မြှင့်ဖို့ ပြင်ဆင်နေပါတယ်။
2022-11-04
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၂၆၁ တို့ကို ပြင်ဆင်သွားမယ်ဆိုတာမျိုးတွေနဲ့ ကြံ့ခိုင်ရေးပါတီတွင်း ထိပ်ပိုင်းခေါင်းဆောင် နေရာတွေမှာ စစ်တပ်က အရာရှိတွေ သူဩဇာညောင်းတဲ့သူတွေကို ထည့်သွင်းလာပါတယ်။
2022-10-28
အောက်တိုဘာ ၂၃ ရက်နေ့ညက ကေအိုင်အေ နှစ်ပတ်လည်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကေအိုင်အေ တာဝန်ရှိသူတချို့အပြင် ကချင်အနုပညာရှင်တွေနဲ့ အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီက ဒီတိုက်ခိုက်မှုက ကေအိုင်အေကို တန်ပြန်စစ်ဆင်ရေးလုပ်တာဖြစ်ပြီး သေဆုံးသူတွေဟာ အရပ်သားတွေ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
2022-10-21
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရတွေကိုယ်တိုင် ပါဝင်ဆောင်ရွက်လာတဲ့ အမျိုးသားရေးလှုပ်ရှားမှုများအကြောင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အဲဒီ အမျိုးသာရေးလှုပ်ရှားမှုတွေကြောင့် လူမျိုးနဲ့ ဘာသာတွေကြားမှာ အမုန်းစကားတွေကတစ်ဆင့် အမုန်းတရားတွေ တိုးများလာရပါတယ်။
2022-10-14
လာမယ့်နှစ်ဟာ နွေဦးတော်လှန်ရေးကို အဆုံးအဖြတ်ပေးနိုင်မယ့်နှစ် ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်မှာ NGU အမျိုးသားညီညွတ်ရေးအစိုးရသတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ “နွေဦးတော်လှန်ရေး ဘယ်တော့ အဆုံးသတ်နိုင်မလဲ” ဆိုတဲ့အကြောင်း ဒီတစ်ပတ် ဆွေးနွေးပွဲမှာပြောဆိုကြမှာဖြစ်ပါတယ်။
2022-10-07
စစ်ကောင်စီခေါင်းဆောင်ဟာ ငြိမ်းချမ်းရေးအတွက် အပစ်ရပ်တိုင်းရင်းသားအဖွဲ့ တချို့နဲ့ ကိုယ်တိုင်တွေ့ဆုံနေရာမှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၆ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့နဲ့ တွေဆုံခဲ့ပါတယ်။ UWSA ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့၊ NDAA မိုင်းလားနဲ့ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီတွေ တွေ့ခဲ့တာပါ။ ဒီအဖွဲ့တွေနဲ့ဒုတိယအကြိမ်တွေ့ဆုံပွဲမှာ တိုင်းရင်းသား အဖွဲ့တွေဘက်က စိတ်၀င်စားစရာ တောင်းဆိုတာတွေလည်း ပါရှိခဲ့သလို စစ်ကောင်စီဘက်က တုန့်ပြန်ပြောဆိုတာတွေလည်း ရှိပါတယ်။ သုံးသပ်သူတွေကတော့ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး နိုင်ငံရေးကစားနေကြတာလို့ဆိုပါတယ်။
2022-09-30
ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ စက်တင်ဘာ ၂၄ ရက်နေ့က အငြိမ်းစားဗိုလ်မှူးချုပ် အုန်းသွင်နဲ့ သားမက် ဖြစ်တဲ့ ဗိုလ်ကြီးဟောင်းရဲတေဇကို Inya Urban Force (IUF) ဆိုတဲ့အဖွဲ့က လုပ်ကြံသတ်ဖြတ်မှု ဘယ်လိုရိုက်ခတ်မှု ရှိလဲဆိုတာတွေကို ဒီတပတ်အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
2022-09-23
ဒီတပတ်ဆွေးနွေးကြမှာကတော့ စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့သွားပြီးပစ်ခတ်ရာမှာ ကျောင်းကိုထိမှန်ခဲ့ပြီး ကလေး ရ ဦးအပါအဝင် စုစုပေါင်း ရွာသား ၁၃ ဦးသေဆုံးရတဲ့အကြောင်းဖြစ်ပါတယ်။