သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-29
စစ်အာဏာသိမ်းပြီးနောက် သုံးနှစ်အကြာ လာမယ့် ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် ထူးခြားတဲ့ အခြေအနေတွေ မြင်တွေ့ရမယ်လို့ ခန့်မှန်းနေကြတဲ့အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
2023-12-22
မြန်မာနိုင်ငံအကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အနုပညာနဲ့ ပြောပြရာမှာ ဘယ်လို မတူကွဲပြားတဲ့ အကျိုးသက်ရောက်မှုတွေရှိသလဲဆိုတာ ဆွေးနွေးထားပါတယ်။
2023-12-15
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဆင်ရေးတွေအပါအဝင် ကရင်၊ ကရင်နီ၊ ချင်း၊ ကချင်၊ စစ်ကိုင်းနဲ့ ရခိုင်ပြည်နယ်တွေက စစ်ဆင်ရေးအလားအလာနဲ့ ပြည်သူ့ဘက်ခိုလှုံလာသူတွေ၊ လက်နက်ချလာတဲ့သူတွေကို ဘယ်လိုဆက်ဆံမလဲဆိုတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
2023-12-08
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့ မြို့တွေ၊ တပ်စခန်းတွေက စစ်ကောင်စီအတွက် ဘယ်လောက်အရေးပါလဲ… ပြည်သူ့အုပ်ချုပ်ရေးယန္တရား ဘယ်လိုလည်ပတ်မလဲဆိုတာတွေနဲ့ လတ်တလော စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးထားပါတယ်။
2023-12-01
စစ်ကောင်စီ လက်အောက်ခံစစ်တပ်တွေ အာဏာရှင်စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားကို ဆက်လက်ကာကွယ်မနေတော့ဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချပူးပေါင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တိုင်းရင်းသားအဖွဲ့တွေ ထုတ်ပြန်ခဲ့တဲ့ကြေညာချက်ကို အခြေခံပြီး ဆွေးနွေးထားပါတယ်။
2023-11-24
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ စစ်ကောင်စီအပေါ် သဘောထားပြောင်းလဲမှုတွေ ရှိနေတယ်ဆိုတဲ့အကြောင်း သုံးသပ်ဆွေးနွေးကြမှာဖြစ်ပါတယ်။
2023-11-17
ညီနောင်မဟာမိတ်သုံးဖွဲ့ စလိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် ကယား၊ ကရင်၊ ကချင်၊ ချင်း၊ စစ်ကိုင်းနဲ့ ရခိုင်က နေရာတော်တော်များများမှာ ဖြစ်လာတဲ့စစ်ပွဲတွေနဲ့ပတ်သက်လို့ ဘာတွေပြောနေကြလဲဆိုတဲ့ ပြည်သူ့အသံနဲ့ ဆန္ဒတွေဆွေးနွေးကြမှာဖြစ်ပါတယ်။
2023-11-10
စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်ပနိုင်ငံတွေကို ရောက်လာတဲ့ မြန်မာလူငယ်တွေ အလုပ်နဲ့ ပညာရပ်ဆိုင်ရာ လေ့လာသင်ယူမှုတွေမှာ ရင်ဆိုင်ရတဲ့ အခက်အခဲနဲ့ ရုန်းကန်ရမှု၊ စွမ်းဆောင်နိုင်မှုတွေအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
2023-11-03
MNDAA၊ TNLA နဲ့ AA မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးအပေါ်ဘယ်လိုသုံးသပ်လဲ… တရုတ်ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိနိုင်လဲ၊ စစ်ဆင်ရေးက မြောက်ပိုင်းလောက်နဲ့ပြီးသွားမလား၊ NUG ကာကွယ်ရေးဌာနအနေနဲ့ သူတို့နဲ့ စစ်ရေးပူးပေါင်းတာရှိမလားဆိုတဲ့ အကြောင်းတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2023-10-27
နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီ ဖြတ်တောက်နိုင်ဖို့၊ စစ်လက်နက်ပစ္စည်းစီးဆင်းမှုတွေ ရပ်တန့်နိုင်ဖို့ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေက အလေးထားတောင်းဆိုနေကြတဲ့အကြောင်းနဲ့ နိုင်ငံတကာဖိအားတွေကြား စစ်ကောင်စီ ကြုံနေရတဲ့ အကျပ်အတည်းတွေကို ဆွေးနွေးထားပါတယ်။
2023-10-20
အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံတစ်ဝန်းက တိုင်းနဲ့ပြည်နယ်တွေမှာ သူတို့သြဇာခံ ပျူစောထီးလို့ခေါ်ကြတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဖွဲ့စည်းနေသလို လတ်တလော လပိုင်းတွေအတွင်းမှာလည်း ဒေသခံပြည်သူတွေကို ပြည်သူ့စစ်သင်တန်းတွေ အဓမ္မဖိအားပေးတက်ခိုင်းနေပါတယ်။
2023-10-13
စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ရှစ်နှစ်ပြည့်ချိန် ဘာကြောင့် စစ်ရေးအရှိန်မြှင့်နေလဲဆိုတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
2023-10-06
ဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ ဘယ်လောက်စိုးရိမ်နေရသလဲ၊ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဘက်ကရော ကိုယ့်ရဲ့စွမ်းဆောင်မှုတွေအပေါ် ဘယ်လို သုံးသပ်ရှေ့ဆက်ကြမလဲဆိုတဲ့ အခြေအနေတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။
2023-09-29
စစ်ကောင်စီအဖွဲ့ထဲက ထိပ်တန်း ဒု - ဗိုလ်ချုပ်ကြီးတွေကို ဖမ်းတာ၊ ရာထူးနေရာ ပြောင်းတာတွေအပြင် ဝန်ကြီးတချို့ကို နေရာပြောင်းတာတွေရှိခဲ့တာနဲ့ပတ်သက်လို့ ဒီတစ်ပတ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2023-09-22
စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့အချိန်မှာ ဖက်ဒရယ်ဖွဲ့စည်းပုံက အမှန်တကယ်လိုအပ်နေပြီလား၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ရော ဖက်ဒရယ်ဖွဲ့စည်းပုံအတွက် ဘာတွေပြင်ဆင်ထားနေပြီလဲ၊ မရေးဆွဲဘူးဆိုရင် ဘာတွေ အခက်အခဲဖြစ်လာနိုင်လဲ… ဆိုတာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။