မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထိုးစစ်နဲ့ စစ်ရေးအလားအလာ

2023.11.03

MNDAA၊ TNLA နဲ့ AA မြောက်ပိုင်းညီနောင်သုံးဖွဲ့က စစ်ကောင်စီကို ကြေညာပြီး စစ်ဆင်ရေးစခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ချင်းရွှေဟော်၊ သိန္နီ၊ ဖောင်းဆိုင်မြို့တွေကို ထိမ်းချုပ်နိုင်ခဲ့သလို စစ်ကောင်စီရဲ့တပ်စခန်း ၈၀ နီးပါးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်ပြန်ကြားရေးအဖွဲ့က ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါကြောင့် မြောက်ပိုင်းသုံးဖွဲ့ရဲ့ စစ်ဆင်ရေးအပေါ် ဘယ်လိုသုံးသပ်လဲ။

ဒီစစ်ပွဲမှာ တရုတ်ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိနိုင်လဲ၊ စစ်ဆင်ရေးက မြောက်ပိုင်းလောက်နဲ့ပြီးသွားမလား၊ NUG ကာကွယ်ရေးဌာနအနေနဲ့ သူတို့နဲ့ စစ်ရေးပူးပေါင်းတာ ရှိမလားဆိုတဲ့အကြောင်းတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးကြမယ့်သူတွေကတော့ စစ်ရေးနိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇော၊ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေနဲ့ စစ်ကိုင်းဖိုရမ်ပြောခွင့်ရသူ ကိုစိုးဝင်းဆွေတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။