မြို့သိမ်းတိုက်ပွဲတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ဘယ်လိုအကောင်အထည်ဖော်မလဲ
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁ဝ၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်း၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ ကရင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲတွေ၊ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေကြပါတယ်။ မြို့သိမ်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီအုပ်ချုပ်ရေး သက်ရောက်မှုမရှိတော့တဲ့နေရာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့လည်း ပြင်ဆင်နေကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့ မြို့တွေ၊ တပ်စခန်းတွေက စစ်ကောင်စီအတွက် ဘယ်လောက်အရေးပါလဲ၊ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ဘယ်လိုလည်ပတ်မလဲဆိုတာတွေနဲ့ လတ်တလော စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ အမျိုးသမီးမဟာမိတ်များအင်အားစုက မအေးမြင့်အောင်အောင်၊ ချင်းပြည်ကာကွယ်ရေးတပ်ပေါင်းစု (CJDC) က ဆလိုင်းတီမီနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တပ်မတော်သား ဗိုလ်ကြီး ကောင်းသူဝင်းတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။