သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-31
စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်ခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးဟာ မျှော်လင့်တာထက် ပိုမိုလျင်မြန်စွာ အောင်မြင်မယ့်အလားအလာတွေ မြင်တွေ့နေရပြီဆိုတဲ့ သုံးသပ်ချက်အပါအဝင် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယဝံသဘိဝံသ၊ CDM ဗိုလ်ကြီး ညီသုတနဲ့ NLD ဗဟိုကော်မတီဝင် ဒေါ်နီလာဝင်း တို့ရဲ့ တော်လှန်ရေးဆိုင်ရာ အတွေ့အကြုံနဲ့ ရှုမြင် သုံးသပ်ချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
2021-12-24
ဒီအပတ် RFA စကားဝိုင်းမှာ လေးကေ့ကော် ဒေသတိုက်ပွဲရဲ့ နောက်ဆက်တွဲအကျိုးဆက်၊ NUG အစိုးရကို ကူညီမယ့် အမေရိကန်အစိုးရဲ့ ဥပဒေတွေအပြင် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လယ်ယာမြေတွေကို အလွဲသုံးစားရောင်းချ စီးပွားရှာနေမှုတွေကို တင်ပြထားပါတယ်။
2021-12-17
ဒီတစ်ပတ်မှာတော့ နွေဦးတော်လှန်ရေးမှာ “လျှို့ဝှက်ချက်နဲ့ ပတ်သက်လို့ ဘာတွေထိန်းသိမ်းသင့်သလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးထားပါတယ်။
2021-12-10
ဒီတစ်ပတ်အစီအစဉ်မှာတေ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်တဲ့သူတွေကို အကြမ်းဖက်သတ်ဖြတ်၊ နှိပ်စက်၊ ဖမ်းဆီးတာတွေ မရပ်ပေမယ့် လူငယ်တွေက အကြောက်တရားကနေ လွတ်မြောက်ပြီး ဆက်လက် လှုပ်ရှားနေတဲ့အကြောင်း အပြင် လူငယ်တွေရဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစု၊ စစ်ကောင်စီတပ်တွေအပေါ် အမြင်တွေ ဆွေးနွေးကြတာဖြစ်ပါတယ်။
2021-12-03
မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို ကုလသမဂ္ဂ ခန့်အပ်လွှာစိစစ်ရေးကော်မတီက လက်မခံဘဲ ဦးကျော်မိုးထွန်းကို ဆက်ပြီး အသိအမှတ်ပြုမှု၊ မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ လက်နက်ကုမ္ပဏီတွေ မှာ သြစတြေးလျအစိုးရ ရင်းနှီးမြှုပ်နှံငွေ ရောက်ရှိနေမှု၊ ဗဟန်းဝိသုဒ္ဓါရုံကျောင်းတိုက်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းမှု၊ မြန်မာ စစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှု စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက စစ်ဆေးမယ့်သတင်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။
2021-11-26
ဒီအပတ် RFA စကားဝိုင်းမှာ NUG အစိုးရ စတင်ရောင်းချတဲ့ ငွေတိုက်စာချုပ်ကို ပြည်တွင်းပြည်ပမြန်မာတွေ အမြောက်အမြား အားပေးဝယ်ယူနေမှု၊ တရုတ်-အာဆီယံညီလာခံ အပါအဝင် အရေးပါတဲ့ ကမ္ဘာ့တွေ့ဆုံဆွေးနွေးပွဲတွေ တက်ရောက်ခွင့်မရတဲ့ စစ်ကောင်စီ နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက ပထမဆုံးအမှုအတွက် စီရင်ချက်ချမယ့်ကိစ္စ အပါအဝင် လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို တင်ပြထားပါတယ်။
2021-11-20
ဒီတစ်ပတ်အစီအစဉ်မှာ မြန်မာပြည်ကို တရုတ်၊ ဂျပန်၊ ထိုင်း စတဲ့ နိုင်ငံတွေက နိုင်ငံရေးနဲ့လူမှုရေးဆိုင်ရာ ပုဂ္ဂိုလ်တချို့ ရောက်လာတဲ့အတွက် နိုင်ငံတကာက စဉ်းစားနေသလို မြန်မာပြည် အကျပ်အတည်း ပြေလည်အောင် "စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ တွေ့ဆုံဆွေးနွေးရေးလမ်းမှာရှိသလား" ဆိုတဲ့အကြောင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2021-11-12
ဒီအပတ် RFA စကားဝိုင်းမှာ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးစိုးရိမ်ကြောင်း ကြေညာချက်နဲ့ အမေရိကန် သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် ရဲ့ မြန်မာပြည်ခရီးစဉ်ဆိုင်ရာ ပြောကြားချက်အပါအဝင် လက်ရှိ နွေဦးတော်လှန်ရေး နောက်ဆုံး အခြေအနေတွေအကြောင်း ဝေဖန်သုံးသပ်ချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
2021-10-29
ဒီအပတ် RFA စကားဝိုင်းမှာ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် အာဆီယံ၊ အမေရိကန်နဲ့ ကုလသမဂ္ဂတို့ရဲ့ လက်ရှိ ဆောင်ရွက်နေမှုတွေအပေါ် ရှုမြင်သုံးသပ်ချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
2021-10-22
ဒီတပတ်မှာတော့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီကကြေညာလိုက်တဲ့ လွတ်ငြိမ်း သက်သာအမိန့်က တကယ်ပဲနိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက်လား၊ ဟန်ပြလား၊ နိုင်ငံရေး အကျဉ်း သားတွေအပေါ် တရားစီရင်ရေးကရော တကယ်ပဲမျှတရဲ့လားဆိုတာတွေသုံးသပ် ဆွေးနွေးထားပါတယ်။
2021-10-15
ဒီတပတ်အစီအစဉ်မှာတော့ စစ်အာဏာသိမ်းလိုက်တဲ့နောက် လယ်ယာမြေထုတ်လုပ်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်ကောင်စီကိုပြန်ပြီး ခုခံတော်လှန်နေကြရတဲ့အတွက် လယ်ယာလုပ်ငန်းတွေ ပုံမှန်မလုပ်နိုင်တော့သလို၊ စိုက်ပျိုးထုတ်လုပ်စရိတ်ကြီးလို့ အရင်လို လယ်မလုပ်နိုင်တော့တဲ့အတွက် တိုင်းပြည်ရဲ့ စားနပ်ရိက္ခာ ဖူလုံနိုင်ပါ့မလားဆိုတာ ဆွေးနွေးကြမှာဖြစ်ပါတယ်။
2021-10-08
ဒီတစ်ပတ်အစီအစဉ်မှာ “အလုပ်သမားတွေရဲ့ ဘဝအခက်အခဲများ” ဆိုတဲ့အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော်စီစဉ်တင်ပြထားပါတယ်။
2021-10-02
မကွေးတိုင်း ဆော-ကျောက်ထု လမ်းပိုင်းမှာ အောက်တိုဘာ ၁ ရက် မနေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောင်းကို YDF အထူးပြောက်ကျားတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်မှူး ဘုန်းမြင့်ကျော် အပါအဝင် လေးယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ Yaw Defence Force (Saw & Kyaukhtu) အဖွဲ့က ထုတ်ပြန်ပါတယ်။
2021-09-24
ဒီတစ်ပတ်မှာတော့ စစ်ကောင်စီတပ်တွေက သူတို့ကိုဆန့်ကျင်တဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေအပြင် ပစ္စည်းတွေ၊ ငွေတွေပါ လုယက်ယူဆောင်တာဟာ နိုင်ငံတော်ရာဇဝတ်မှုဖြစ်နေပြီဆိုတဲ့အကြောင်း ဆွေးနွေးကြမှာဖြစ်ပါတယ်။
2021-09-18
ဒီအပတ် RFA စကားဝိုင်းမှာ လက်ရှိမြန်မာပြည် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ပြည်သူတွေရဲ့ စည်းလုံးမှုနဲ့ တောင့်ခံနိုင်မှု ဘယ်လောက် အရေးကြီးသလဲ၊ လက်ရှိတိုက်ပွဲသဏ္ဌာန်ကို ဖိနှိပ်ခံပြည်သူတွေက ရွေးချယ်ခဲ့တာလား၊ ဖိနှိပ်သူတွေက ရွေးချယ်ခဲ့တာလား… ဆိုတာတွေကို ဆွေးနွေးထားပါတယ်။