သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-30
၂ဝ၁၈ ဒီဇင်ဘာလ ၂၉ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " ဇီးပင်ကြီးစစ်တမ်းနဲ့ မြန်မာအစိုးရဝန်ထမ်းလေ့ကျင့်ရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2018-12-22
၂ဝ၁၈ ဒီဇင်ဘာလ ၂၂ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " ၂၀၁၈ ခုနှစ်အတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဘယ်အထိ ခရီးပေါက်ပြီလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2018-12-15
၂ဝ၁၈ ဒီဇင်ဘာလ ၁၅ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နဲ့ ငြိမ်းချမ်းရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တိုင် ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေး စစ်ရေး လေ့လာသူတစ်ဦးဖြစ်တဲ့ စာရေးဆရာ ဦးသန်းစိုးနိုင် နဲ့ ၊ Myanmar Institute for Peace and Security က (Executive Director) ဒေါက်တာ မင်းဇော်ဦး တို့ ဖြစ်ပါတယ်။
2018-12-08
၂ဝ၁၈ ဒီဇင်ဘာလ ၈ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ “ကလေးသူငယ်အခွင့်အရေးနှင့် ၁၈ နှစ်အောက်ထိမ်းမြားခွင့်” အကြောင်း ဆွေးနွေးထားကြပါတယ်။
2018-12-01
၂ဝ၁၈ ဒီဇင်ဘာလ ၁ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " တစ်လင်တစ်မယားဥပဒေ ပြင်သင့်မပြင်သင့် " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2018-11-24
၂ဝ၁၈ နိုဝင်ဘာလ ၂၄ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " သတင်းအတုများနှင့် အမုန်းစကားအန္တရာယ် အကြောင်း " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တိုင် ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ မြန်မာနိုင်ငံ သတင်းနည်းပညာအချက်အလက် တိုးတက်ရေးအဖွဲ့ MID က ဒေါ်ဖြူဖြူသီ၊ မြန်မာသတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးသာလွန်ဇောင်းထက်၊ လူမှုကွန်ယက်မီဒီယာ လေ့လာသုံးသပ်သူ ဦးမြတ်သူ တို့ ဖြစ်ပါတယ်။
2018-11-17
၂ဝ၁၈ နိုဝင်ဘာလ ၁၇ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " မသေချာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ NCA လမ်းကြောင်း " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ပင်တိုင် ပါဝင်ဆွေးနွေးမယ့်သူတွေ ကတော့ ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစုအဖွဲ့ က ဦးမြအေး၊ နိုင်ငံရေး လေ့လာသူ စာရေးဆရာ ဦးမောင်မောင်စိုး နဲ့ ရခိုင် လွတ်မြောက်ရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်း တို့ ဖြစ်ပါတယ်။
2018-11-10
၂ဝ၁၈ နိုဝင်ဘာလ ၁၀ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " ဒုက္ခသည်ပြန်လည်နေရာချထားရေးနဲ့ မြန်မာ့နိုင်ငံရေး" ကို ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တိုင် ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ရခိုင် သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း၊ ရခိုင်ပြည်နယ်အရေး လေ့လာသူ ဦးသာအေးနဲ့ တိုင်းရင်းသား/ နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုး တို့ ဖြစ်ပါတယ်။
2018-11-03
၂ဝ၁၈ နိုဝင်ဘာလ ၃ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပါတီများ နိုင်ငံရေး အားစမ်းမှုအကြောင်း " ကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ပင်တိုင်ပါဝင် ဆွေးနွေးမယ့်သူတွေ ကတော့ " ရွေးကောက်ပွဲ ပညာပေးရေးနဲ့ လေ့လာစောင့်ကြည့်ရေး မိတ်ဖက်များအဖွဲ့ EEOP " က ရွေးကောက်ပွဲ အကြံပေးတာဝန်ခံ မမြနန္ဒာသင်းနဲ့ မြန်မာနိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်း တို့ ဖြစ်ပါတယ်။
2018-10-28
၂ဝ၁၈ အောက်တိုဘာလ ၂၇ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြန်မာ့အရေးဆွေးနွေးပွဲနဲ့ မြန်မာ့နိုင်ငံရေး အကျိုးဆက်တွေ အကြောင်း " ကို ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တိုင်ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ မြန်မာနိုင်ငံရေးလေ့လာသူ ဒေါက်တာ တင်မောင်သန်း၊ သတင်းစာဆရာ ဆရာ ချစ်ဝင်းမောင်နဲ့ Equality Myanmar က အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းတို့ို့ို့ ဖြစ်ပါတယ်။
2018-10-20
၂ဝ၁၈ အောက်တိုဘာလ ၂၀ ရက်နေ့ည စနေ စကားဝိုင်း အစီအစဉ်မှာ "ငြိမ်းချမ်းရေးထိပ်သီး အစည်းအဝေးနဲ့ မြန်မာ့နိုင်ငံရေးအလားအလာ အကြောင်း" ကို ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တိုင်ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ မြန်မာနိုင်ငံရေးလေ့လာသူ ဆောင်းပါးရှင် ဒေါက်တာ ရန်မျိုးသိမ်း၊ မြန်မာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးသိပ္ပံ MIPS က အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးတို့ို့ ဖြစ်ပါတယ်။
2018-10-13
၂ဝ၁၈ အောက်တိုဘာလ ၁၃ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ “နေပြည်တော် ထိပ်သီးအစည်းအဝေးနဲ့ ငြိမ်းချမ်းရေးအလားအလာအကြောင်း ”ကို ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တိုင် ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ လက်နက်ကိုင် တိုင်းရင်းသားအရေး လေ့လာသူ စာရေးဆရာသန်းစိုးနိုင်၊ ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစုအဖွဲ့က ဦးမြအေး တို့ ဖြစ်ပါတယ်။
2018-10-06
၂၀၁၈ အောက်တိုဘာလ ၆ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ "အစိုးရစီမံကိန်းနဲ့ တင်ဒါငွေကြေး ကွာဟမှုများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပင်တိုင်ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ ဦးကျော်ဇေယျ (လွှတ်တေ်ာ ကိုယ်စားလှယ်၊ ရန်ကုန်တိုင်းဒေသကြီး)၊ ဦးလှဌေး (လွှတ်တေ်ာ ကိုယ်စားလှယ်၊ ရန်ကုန်တိုင်း ဒေသကြီး)၊ ဦးအေးကျော် (ပွင့်လင်းမြန်မာ ရှေ့ဆောင်အဖွဲ့ OMI) တို့ ဖြစ်ပါတယ်။
2018-09-29
၂၀၁၈ စက်တင်ဘာလ ၂၉ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ "ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဖိအားပေးမှုတွေနဲ့ မြန်မာ့နိုင်ငံရေးအလားအလာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပင်တိုင်ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ဒေါက်တာ ရင်ရင်နွယ် (ကုလသမဂ္ဂ အရာရှိကြီးဟောင်း၊ ရခိုင်ကော်မရှင်အဖွဲ့ဝင်ဟောင်း)၊ ဒေါက်တာ တင်မောင်သန်း (မူဝါဒရေးရာအကြံပေးနဲ့ စာရေးဆရာ)၊ ဒေါက်တာ ရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသူ၊ နိုင်ငံရေးဆောင်းပါးရှင်) နဲ့ ဦးဇေယျသူ (အယ်ဒီတာ၊ သတင်းစာဆရာ) တို့ ဖြစ်ပါတယ်။
2018-09-15
၂၀၁၈ စက်တင်ဘာလ ၁၅ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ "တရားစီရင်ရေးလောကနဲ့ အဂတိလိုက်စားမှုများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပြီး ရှေ့နေ ဦးကြီးမြင့်၊ ရှေ့နေ ဦးလှစိန် (ဥပဒေရေးရာ စာရေးဆရာ ဦးရီစိန်) နဲ့ စာရေးဆရာ ထင်လင်းဦး (Wisdom Villa) တို့က ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။