ဖက်ဒရယ်ဖွဲ့စည်းပုံ ပေါ်ပေါက်ဖို့လိုနေပြီလား

2023.09.22

လက်ရှိ စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့အချိန်မှာ ဖက်ဒရယ်ဖွဲ့စည်းပုံက အမှန်တကယ်လိုအပ်နေပြီလား၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ရော ဖက်ဒရယ်ဖွဲ့စည်းပုံအတွက် ဘာတွေပြင်ဆင်ထားနေပြီလဲ၊ ဘယ်သူတွေကို ရေးဆွဲနေလဲ၊ ရေးဆွဲနေပြီလား၊ မရေးဆွဲဘူးဆိုရင် ဘာတွေ အခက်အခဲဖြစ်လာနိုင်လဲ၊ ဘယ်လိုအကြောင်းအရာတွေက စစ်အာဏာရှင်တော်လှန်ရေးကို ပိုကြန့်ကြာသွားစေလဲ… ဆိုတာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး စစ်ရေးချုပ်ဟောင်း ဦးအောင်မှိုင်း၊ ကယန်းအမျိုးသားခေါင်းဆောင် ဦးခွန်မားကိုဘန်း၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကောင်စီဝင် ဦးစည်သူမောင်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) CEC ဟောင်း ဦးကိုကိုလေးတို့ ဖြစ်ပါတယ်။ RFA အဖွဲသား ကိုအောင်သိင်္ခက စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။