စစ်ကောင်စီအတွက် ဒရုန်းအန္တရာယ် ဘယ်လောက် ကြီးမားနေပြီလဲ

2023.10.06

မောင်းသူမဲ့ယာဉ် ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေတိုးလာနေပြီး ဒါဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေတယ်လို့ စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီးလည်းဖြစ်၊ ရဲချုပ်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က တရုတ်နိုင်ငံမှာ ကျင်းပတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံမှာ ပြောဆိုလိုက်ပါတယ်။ ဒရုန်းတွေကို ထိန်းချုပ်ဖို့ ဒေသတွင်းဖြစ်စေ၊ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံဖြစ်စေ မဖြစ်မနေ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုနေပြီလို့လည်း စစ်ကောင်စီက ထုတ်ပြန်တဲ့သတင်းထဲမှာ ဖော်ပြပါရှိပါတယ်။

ဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘယ်လောက်စိုးရိမ်နေရသလဲ၊ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဘက်ကရော ကိုယ့်ရဲ့စွမ်းဆောင်မှုတွေအပေါ် ဘယ်လို သုံးသပ်ရှေ့ဆက်ကြမလဲဆိုတဲ့ အခြေအနေတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးကြမယ့် ပုဂ္ဂိုလ်တွေကတော့ Cloud Wings ဒရုန်းတပ်ဖွဲ့တာဝန်ခံ ကိုငြိမ်း၊ CDM ဗိုလ်ကြီးထက်မြတ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။