နိုင်ငံရေးပဋိပက္ခအတွင်း လူငယ်တွေ ဘယ်လိုဖြတ်သန်းကြမလဲ
မြန်မာနိုင်ငံက လူငယ်အတော်များများဟာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြောင်းအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေကို ပျံ့နှံ့ရောက်ရှိ ကုန်ပါတယ်။ ပြည်ပရောက်လာခဲ့ချိန်မှာလည်း သူတို့ဟာ မြန်မာနိုင်ငံထဲမှာကတည်းက စိတ်ဝင်စားခဲ့တဲ့အလုပ်နဲ့ ပညာရပ်တွေကို ဆက်ပြီး လေ့လာသင်ယူဖို့ ကြိုးစားနေကြပါတယ်။ အဲဒီလိုကြိုးစားကြတဲ့အခါ ရင်ဆိုင်ရတဲ့ အခက်အခဲနဲ့ ရုန်းကန်ရမှု၊ စွမ်းဆောင်နိုင်မှုတွေအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို မြို့က Berkeley City College မှာ ကျောင်းတက်ရင်း Mental Health Ambassadors အဖွဲ့မှာ အလုပ်လုပ်နေသူ မယုဝဿန်အောင်၊ အမေရိကန်ပြည်ထောင်စု Wisconsin ပြည်နယ် Milwaukee Area Technical College မှာ ဥပဒေပညာသင်ယူနေတဲ့ မမေသူထက်နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့က ဇာတ်လမ်းတို ဒါရိုက်တာ ကိုမင်းသူဟန်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ စီစဥ်တင်ဆက်ထားပါတယ်။