မြန်မာပြည်အကြောင်း အနုပညာနဲ့ ဘယ်လိုပြောကြသလဲ
2023.12.22
RFA စကားဝိုင်းအစီအစဥ်က ကြိုဆိုပါတယ်။ ဒီတပတ်မှာတော့ မြန်မာနိုင်ငံအကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကိုယ်အားသန်ရာ ဝါသနာနဲ့ မြန်မာလူမျိုးတွေကိုရော၊ ကမ္ဘာကိုပါ ပြောပြနေကြတဲ့အကြောင်းနဲ့ အဲဒီလို ကိုယ့်နိုင်ငံအကြောင်း အနုပညာနဲ့ ပြောပြရာမှာ ဘယ်လို မတူကွဲပြားတဲ့ အကျိုးသက်ရောက်မှုတွေရှိသလဲဆိုတာ ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးကြတဲ့ပုဂ္ဂိုလ်တွေကတော့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ ဂီတမှူး၊ တေးရေး ကိုလင်းထက်၊ ပြင်သစ်နိုင်ငံမှာ နေထိုင်ပြီး ဥရောပနိုင်ငံတွေမှာ မြန်မာနိုင်ငံအကြောင်း ပန်းချီပြပွဲတွေ လှည့်ပြီးပြသနေတဲ့ မခြူးဝေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်ပြီး “စစ်အတွင်းက တိမ်တွေ ဆိုတဲ့ ကဗျာစာအုပ်ကို ရေးသားထုတ်ဝေခဲ့တဲ့ ကိုဇေယျာလွင်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ စီစဉ်တင်ဆက်ထားပါတယ်။