“လွတ်လပ်ရေးနေ့စိန်ရတုနှင့် နိုင်ငံရေးအလားအလာ”
2022.12.30
အခုတစ်ပတ် RFA စကားဝိုင်းမှာ ၂ဝ၂၂ ခုနှစ်ကနေ ၂ဝ၂၃ ကို ကူးပြောင်းတဲ့ နှစ်ကူးချိန်မှာ မြန်မာနိုင်ငံအတွက် ထူးခြားတဲ့နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ဟာ မြန်မာလွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ ၂ဝ၂၃ ခုနှစ်မှာ ကျရောက်မယ့် လွတ်လပ်ရေးနေ့ဟာ ၇၅ နှစ် ပြည့်မြောက်တာဖြစ်လို့ စိန်ရတုအထိမ်းအမှတ် ဖြစ်ပါတယ်။ အဲဒီနေ့ဟာ မြန်မာနိုင်ငံအတွက် ထူးခြားတဲ့နေ့ဖြစ်ပေမယ့် မြန်မာ့လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကြီးလည်း ထက်ကြပ်မကွာ ဖြစ်ပေါ်လာပါတယ်။
အခုတစ်ပတ် “လွတ်လပ်ရေးနေ့စိန်ရတုနှင့် နိုင်ငံရေးအလားအလာ”အကြောင်းကို ဆွေးနွေးထားပါတယ်။ ပါ၀င်ဆွေးနွေးမယ့်သူတွေကတော့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇော၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်နဲ့ ခေတ်သစ်မြန်မာ့သမိုင်းလေ့လာသူ ဦးအောင်စောဦးတို့ဖြစ်ပါတယ်။
RFA အဖွဲ့သား ဦးတင်အောင်ခိုင် စီစဥ်တင်ဆက်ထားပါတယ်။