“NLD ပါတီရဲ့ ရှေ့ခရီး (သို့မဟုတ်) NLD နှစ်ခြမ်းကွဲမလား”
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က စစ်ကောင်စီ ဖမ်းဆီးထားတဲ့ NLD ပါတီရဲ့ ၅ ဆက်မြောက် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်တယ်လို့ သတင်းထွက်နေတဲ့ ပါတီဝင် ၂ ဦးက သွားရောက် တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ NLD ပါတီရုံးခန်း ပြန်ဖွင့်နိုင်ရေး၊ ရွေးကောက်ပွဲဝင်နိုင်ရေးအတွက် သွားရောက်တွေ့ဆုံတာဖြစ်တဲ့အကြောင်း သတင်းတွေအရ သိရပါတယ်။ NLD ပါတီက ပါတီဝင်အချို့ဟာလည်း ဖမ်းဆီးထိန်းသိမ်းခံရသူတွေ စစ်အာဏာသိမ်းတာကို ဆန့်ကျင်နေတဲ့ သူတွေဟာလည်း တစ်ဖက်မှာ ရှိနေပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဒီတစ်ပတ် RFA စကားဝိုင်းအစီအစဉ်မှာ “NLD ပါတီရဲ့ ရှေ့ခရီး (သို့မဟုတ်) NLD နှစ်ခြမ်းကွဲမလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေး တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်၊ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုအောင်သိင်္ခ တင်ဆက်ထားပါတယ်။