“စစ်ကောင်စီရဲ့ကျူးကျော်ရှင်းလင်းရေးစီမံချက်”

2022.12.09

စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း စစ်ကောင်စီက ကျူးကျော်ရှင်းလင်းရေးဆိုတဲ့ စီမံချက်နဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ရခိုင် စတဲ့တိုင်းနဲ့ပြည်နယ်တွေက လူနေအိမ်တွေနဲ့ အဆောက်အအုံ သောင်းနဲ့ချီကို လျော်ကြေး၊ နစ်နာကြေး တစ်စုံတစ်ရာမပေးဘဲ အင်အားသုံး ဖယ်ရှားနေပါတယ်။

လူနေအိမ်တွေကို အင်အားသုံးဖယ်ရှားနေတဲ့ စစ်ကောင်စီလုပ်ရပ်က စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဝေဖန်လိုက်ပြီး ဒီလုပ်ရပ်တွေ ရပ်ဖို့လည်း တိုက်တွန်းထားပါတယ်။ စစ်ကောင်စီရဲ့ ဒီစီမံချက်ဟာ ဥပဒေနဲ့မညီသလို အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်ရာရောက်တယ်လို့ ဝေဖန်ကြပါတယ်။

ပါဝင်ဆွေးနွေးသူတွေကတော့ မရမ်းကုန်းမြို့နယ်က အိမ်ဖြိုဖျက်ခံရသူ မမီးမီး၊ တရားလွှတ်တော်ရှေ့နေ ဦးမင်းမင်းနဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ ACDD ရဲ့ စည်းရုံးလှုံ့ဆော်ရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။