“အရပ်ဖက်အဖွဲ့တွေအပေါ် တင်းကျပ်လိုက်တဲ့ စစ်ကောင်စီရဲ့ ဥပဒေသစ်”

2022.12.02

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုးပြဌာန်းလိုက်တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေမှာ အနည်းဆုံး ထောင်ဒဏ်နှစ်နှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်ခံရနိုင်တဲ့ ပြစ်မှုပြစ်ဒဏ်တွေကို ထည့်သွင်းထားပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း တိုက်ပွဲတွေကြောင့် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတဲ့ ပြည်သူတွေအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့နေရာမှာ ရှိနေပါတယ်။ ဒီအချိန်မှာ စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ “အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ” က အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ရပ်တည်ရ ပိုခက်ခဲလာအောင် ထိန်းချုပ်ဖို့ ကြိုးစားတာလို့ ထောက်ပြကြပါတယ်။

ပါဝင်ဆွေးနွေးသူတွေကတော့ ဥပဒေပညာရှင် ဦးခင်မောင်မြင့်၊ ကယားလီဖုလူငယ်အဖွဲ့က မမော်လူမြာ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်း(မြန်မာ)အဖွဲ့က မယဉ်ရတနာသိန်းတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။