“လက်ယက်ကုန်းရွာစာသင်ကျောင်းက ကလေးတွေ ပစ်ခတ်သတ်ဖြတ်ခံရမှု”
2022.09.23
ဒီတစ်ပတ် ဆွေးနွေးကြမှာကတော့ စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့သွားပြီးပစ်ခတ်ရာမှာ ကျောင်းကိုထိမှန်ခဲ့ပြီး ကလေး ၇ ဦးအပါအဝင် စုစုပေါင်း ရွာသား ၁၃ ဦးသေဆုံးရတဲ့အကြောင်းဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှစ်စင်းဟာ တစ်နာရီနီးပါးကြာအောင် ပစ်ခဲ့တာလို့ မျက်မြင်ကလေးမိဘတွေက ပြောပါတယ်။
ပါ၀င်ဆွေးနွေးကြတဲ့ ပုဂ္ဂိုလ်တွေကတော့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇော၊ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုး နဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ မှ CDM ဗိုလ်ကြီး လင်းထက်အောင်တို့ဖြစ်ကြပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စီစဉ်တင်ဆက်ထားပါတယ်။