"အစုလိုက်အပြုံလိုက်သေဆုံးရတဲ့ ဖားကန့်ဗုံးကြဲခံရမှု"

2022.10.28

အောက်တိုဘာ ၂၃ ရက်နေ့ညက ကေအိုင်အေ နှစ်ပတ်လည်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကေအိုင်အေ တာဝန်ရှိသူတချို့အပြင် ကချင်အနုပညာရှင်တွေနဲ့ အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီက ဒီတိုက်ခိုက်မှုက ကေအိုင်အေကို တန်ပြန်စစ်ဆင်ရေးလုပ်တာဖြစ်ပြီး သေဆုံးသူတွေဟာ အရပ်သားတွေ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

နိုင်ငံတကာနဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူတွေကတော့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချကြပြီး ဒါဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ထောက်ပြကြပါတယ်။ ပါဝင်ဆွေးနွေးထားတဲ့ ပုဂ္ဂိုလ်တွေကတော့ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT)က မွန်းနေလီ၊ CDM ပြည်သူ့ဘက်တော်သား ဗိုလ်ကြီးဇေသူအောင်နဲ့ Fortify Rights က လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးဇော်ဝင်းတို့ ဖြစ်ပါတယ်။ RFA အဖွဲ့သူ မဇင်မာဝင်းက စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။