“အရပ်သားပြည်သူတွေ မထိခိုက်အောင် ဒီမိုကရေစီအင်အားစုတွေ ဘယ်လိုဆောင်ရွက်နေကြလဲ”

RFA Burmese
2022.12.23

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်-ဒလပြေးဆွဲနေတဲ့ ခရီးသည်တင်သင်္ဘောမှာ ဗုံးပေါက်ကွဲလို့ အရပ်သား ၁၇ ယောက် ဒဏ်ရာရသွားပါတယ်။ လွန်ခဲ့တဲ့နှစ်လ အောက်တိုဘာလ ၁၉ ရက်မှာလည်း အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားမိသားစုတွေ စားသောက်စရာပို့တဲ့နေရာမှာ ဗုံးပေါက်ကွဲလို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်ရဲ့ မိခင်အပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးရသလို၊ မေလမှာ ရန်ကုန်မြို့လယ်ခေါင် ဘားလမ်းမှာ ဗုံးကွဲလို့ အရပ်သားတစ်ယောက်သေပြီး ကိုးယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီလို အရပ်သားတွေ အသက်အန္တရာယ်ဖြစ်နေတာတွေ ဘယ်လိုတားဆီးမလဲဆိုတာနဲ့ပတ်သက်လို့ ဒီတစ်ပတ်စကားဝိုင်းမှာ တင်ပြမှာဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးသူတွေကတော့ ၁၉၉၀ ရွေးကောက်ပွဲကိုယ်စားလှယ် ဒေါက်တာတင့်ဆွေ၊ NUG အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်နဲ့ စစ်ကိုင်းတိုင်း PDF ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကောင်းတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။