“နိုင်ငံရေးအကျဥ်းသားတွေကို တိုးပြီး ဖိနှိပ်နေသလား”

2022.11.18

နိုဝင်ဘာလ ၁၇ရက်နေ့က စစ်ကောင်စီဟာ တစ်နိုင်ငံလုံးကအကျဉ်းထောင်တွေက အကျဉ်းသား ခြောက်ထောင်နီးပါးကို လွှတ်ပေးခဲ့ပါတယ်။

ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေပါတယ်ဆိုပေမယ့် တချို့ဟာ ပြစ်ဒဏ်ရက်စေ့သူတွေ၊ လွတ်ရက်စေ့ဖို့ လအနည်းငယ်သာ လိုတော့သူတွေ၊ ပြီးတော့အပြည်ပြည်ဆိုင်ရာက အာရုံစိုက်သူတွေနဲ့ နိုင်ငံခြားသားတွေပါဝင်နေတာကြောင့်၊ အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဟာ အပြည်ပြည်ဆိုင်ရာကို ပြဖို့သက်သက်ဖြစ်တယ်လို့ သုံးသပ်သူတွေရှိပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့အောက်တိုဘာလလောက်ကပဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို ရာနဲ့ချီတဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
ဒီအနေအထားတွေကြောင့် စစ်ကောင်စီရဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ်ထားရှိတဲ့ သဘောထားဟာ အပြောင်းအလဲမရှိဘူးလို့ သုံးသပ်ကြပါတယ်။

ခုတစ်ပတ် ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားပါတယ်။ ပါဝင်ဆွေးနွေးသူတွေကတော့ မြန်မာနိုင်ငံရေးသုံးသပ်သူ ရှေ့နေဦးကြီးမြင့်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးထွန်းကြည်၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဦးဇော်ရမ်းတို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။