သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-08-23
လက်ရှိ ပြည်တွင်းစစ်ရေးရလဒ်တွေအပေါ်မှာ တရုတ်နဲ့ အမေရိကန်လို အင်အားကြီးနိုင်ငံတွေက ဘယ်လိုရှုမြင်ကြသလဲ၊ ဘယ်လောက်ထိပါဝင်ပတ်သက်မှုရှိနေလဲဆိုတာ ဒီတစ်ပတ်ဆွေးနွေးထားပါတယ်။
2024-08-16
စစ်မှုထမ်းဥပဒေအရ အပတ်စဥ် ၁ တက်ရောက်ခဲ့ပြီး PDF တွေထံကို ရောက်လာတဲ့ သင်တန်းသားတွေ ကိုယ်တိုင်ပြောပြချက်တွေကို ကြားရမှာဖြစ်ပြီး သူတို့ပြောပြချက်အတွေပေါ် သုံးသပ်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2024-08-09
ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ မြန်မာစစ်တပ် ဘယ်လိုကွာသလဲ။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရှေ့ဆက် မြန်မာ့နိုင်ငံရေး ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးထားပါတယ်။
2024-08-02
လက်ရှိမြန်မာနိုင်ငံရဲ့စီးပွားအရေးအခြေအနေအရ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အလားအလာတွေကို ဒီတစ်ပတ်စကားဝိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
2024-07-26
စစ်ပွဲတွေကြားက လက်နက်မဲ့ ပြည်သူတွေ မေးခွန်းထုတ်နေတဲ့ မြန်မာပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ဘယ်တော့ အဆုံးသတ်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးထားပါတယ်။
2024-07-19
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိနေပါသလဲ၊ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အခုတစ်ပတ် စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။
2024-07-12
ဝမ်းရောဂါနဲ့ ကာလဝမ်းရောဂါ ဘာကြောင့်ကူးစက်ခံရတာလဲ၊ မကူးစက်အောင် ဘယ်လိုကာကွယ်မလဲ၊ ကူးစက်လာခဲ့ရင် အိမ်တွင်းမှာတင် ရှေးဦးဘယ်လိုကုသမလဲဆိုတာတွေကို ဒီတစ်ပတ်စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။
2024-07-05
ဖမ်းဆီးအရေးယူတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်က စျေးနှုန်းမြင့်တက်မှုတွေကို ထိန်းချုပ်နိုင်ပါ့မလား၊ ဒီလိုဖမ်းဆီမှုတွေကြောင့် အကျိုးသက်ရောက်မှုဘာတွေဖြစ်လာနိုင်မလဲ၊ ဒီအကြောင်းတွေကို ဆွေးနွေးထားပါတယ်။
2024-06-28
၀င်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့ရမှုကို သံဃာထုနဲ့ မြန်မာပြည်သူလူထုကြား တအုံနွေးနွေး ဖြစ်ခဲ့ရပြီး သံဃအဖွဲ့တချို့ကတော့ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေကြတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
2024-06-21
စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ တိုင်းဒေသကြီးတချို့မှာ အမျိုးသမီးစစ်မှုထမ်းစာရင်းတွေ ကောက်ယူနေတာကြောင့် ကာယကံရှင်တချို့က ဒီမိုကရေစီအရေးလှုပ်ရှားတဲ့အဖွဲ့တွေဆီ ဆက်သွယ်ပြီး အကူအညီတောင်းတာတွေ ရှိနေပါတယ်။
2024-06-14
VPN သုံးစွဲမှုကို ပိတ်ပင်တဲ့အတွက် ပြည်သူတွေရဲ့ နေ့စဥ်လည်ပတ်မှုမှာ ဘယ်လို အခက်အခဲနဲ့ နှောင့်နှေးမှုတွေ ဖြစ်သွားသလဲ၊ ဒီလိုပိတ်ပင်မှုမျိုးကို ပြည်သူတွေက ဘယ်လိုကျော်လွှားနေကြသလဲ၊ ဒီလိုလုပ်ရပ်မျိုးကို ဥပဒေအရ ဘယ်လိုသတ်မှတ်မလဲဆိုတာတွေ ဆွေးနွေးထားပါတယ်။
2024-06-07
လက်ရှိနိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းကို ပြေလည်စေနိုင်ပါလား၊ မြန်မာ့စီးပွားရေး ရှေ့အလားအလာ ဘာတွေဖြစ်လာနိုင်သလဲ၊ ဒီအကျပ်အတည်းတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးထားပါတယ်။
2024-05-31
ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့က ဘုံသဘောထားရပ်တည်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး တခြားအဖွဲ့အစည်းတွေနဲ့ပါ သဘောတူညီချက်ရဖို့ ကြိုးပမ်းနေတဲ့အကြောင်း ဒီတစ်ပတ်စကား၀ိုင်းမှာ ဆွေးနွေးကြမှာပါ။
2024-05-24
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုတွေနဲ့အပြိုင် စစ်ကောင်စီလေတပ်က ဘယ်လိုစစ်ရေးဗျူဟာတွေ စစ်လက်နက်ပစ္စည်းတွေ ပြောင်းလဲပြင်ဆင်လာလဲ၊ ဘယ်လောက်သက်ရောက်မှုရှိနေလဲ ဆိုတာတွေ ဆွေးနွေးထားပါတယ်။
2024-05-17
စစ်တပ်ဟာ ဘယ်လိုအခြေအနေကို ရောက်နေပြီလဲ၊ စစ်သားတွေ စစ်တပ်ကို ဘာကြောင့် အလုံးအရင်းနဲ့ စွန့်ခွာနေကြသလဲ၊ တပ်တွင်းမကျေနပ်မှုတွေ ဘယ်လောက်များနေပြီလဲ ဆိုတာတွေကို ဒီတစ်ပတ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။