VPN ပိတ်ဆို့ခြင်းနဲ့ ပြည်သူ့အခွင့်အရေးချိုးဖောက်မှု
RFA Burmese
2024.06.14
2024.06.14
ဒီတစ်ပတ် RFA စကားဝိုင်းအစီအစဥ်မှာ VPN သုံးစွဲမှုကို ပိတ်ပင်တဲ့အတွက် ပြည်သူတွေရဲ့ နေ့စဥ်လည်ပတ်မှုမှာ ဘယ်လို အခက်အခဲနဲ့ နှောင့်နှေးမှုတွေ ဖြစ်သွားသလဲ၊ ဒီလိုပိတ်ပင်မှုမျိုးကို ပြည်သူတွေက ဘယ်လိုကျော်လွှားနေကြသလဲ၊ နည်းပညာနားလည်သူတွေက ဘယ်လိုကူညီနေကြသလဲ၊ ပြည်သူတိုင်းရဲ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ သတင်းဖတ်ရှု ရယူခွင့်၊ လွတ်လပ်စွာ သမ္မာအာဇီဝ စီးပွားရှာခွင့်ကို တားမြစ်တဲ့ ဒီလိုလုပ်ရပ်မျိုးကို ဥပဒေအရ ဘယ်လိုသတ်မှတ်မလဲဆိုတာတွေ ဆွေးနွေးထားပါတယ်။ ဥပဒေပညာရှင် ကိုဟယ်ရီ၊ အိုင်တီပညာရှင် မနှင်းဆီ၊ အင်တာနက် လူမှုကွန်ရက်သုံးစွသူ မစင်သီယာတို့ ပါဝင်ဆွေးနွေးထားပြီး မခက်မာ စီစဉ်တင်ဆက်ထားပါတယ်။