လက်ရှိ မြန်မာ့စီးပွားရေးအကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲ

2024.06.07

မြန်မာနိုင်ငံရဲ့စီးပွားရေး ဦးမော့လာပြီလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့မတ်လက ရုရှားသတင်းဌာနဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ ပြောကြားခဲ့ပါတယ်။ အဲဒီလိုပြောဆိုခဲ့တဲ့နောက် လက်ရှိမှာတော့ ဒေါ်လာစျေး၊ ရွှေစျေးနှုန်းတွေ ထိုးတက်နေပြီး ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်တာကြောင့် ပြည်သူတွေ စားဝတ်နေရေး အခက်အခဲ အဆိုးရွားဆုံး ကြုံနေရပါတယ်။ ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ စစ်ကောင်စီက ရွှေဆိုင်လုပ်ငန်းရှင်တွေ၊ ငွေလွှဲလုပ်ငန်းနဲ့ ဒေါ်လာအရောင်းအဝယ်လုပ်သူတွေကို ဖမ်းဆီးအရေးယူတာတွေ ရှိနေပါတယ်။

ဒါတွေက လက်ရှိနိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းကို ပြေလည်စေနိုင်ပါလား၊ မြန်မာ့စီးပွားရေး ရှေ့အလားအလာ ဘာတွေဖြစ်လာနိုင်သလဲ၊ ဒီအကျပ်အတည်းတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမဲ့သူတွေကတော့ စီးပွားရေးပညာရှင် ဦးစိန်ဋ္ဌေး၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ရမ်းနဲ့ ရန်ကုန်မြို့ခံ ဒေါ်သန္တာတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိ စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။