ဝမ်းရောဂါဘာကြောင့်ဖြစ်သလဲ၊ ဘယ်လိုကာကွယ်နိုင်သလဲ
ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ ရန်ကုန်တိုင်းအတွင်းက သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်နဲ့ ဗိုလ်တစ်ထောင်မြို့နယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောတွေ အဖြစ်များနေပြီး အဲဒီအထဲမှာ ကာလဝမ်းရောဂါပိုး တွေ့တဲ့သူတွေလည်း ရှိနေပါတယ်။ ဇူလိုင်လ ၆ ရက်ကနေ ၉ ရက်အထိ လေးရက်အတွင် လူပေါင်း ၃၀၀ ကျော် ဆေးရုံတက် ကုသရပါတယ်။
ရန်ကုန်တိုင်းတစ်ခုလုံးမှာ ပျမ်းမျှလူဦးရေ ၉ သန်းဝန်းကျင်ရှိတာကြောင့် အင်မတန်ကူးစက်ဖို့ လွယ်ကူတဲ့ ဝမ်းရောဂါသာ ပျံ့နှံ့သွားခဲ့ရင် လူအများအပြား ထိခိုက်သေဆုံးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းရောဂါနဲ့ ကာလဝမ်းရောဂါ ဘာကြောင့်ကူးစက်ခံရတာလဲ၊ မကူးစက်အောင် ဘယ်လိုကာကွယ်မလဲ၊ ကူးစက်လာခဲ့ရင် အိမ်တွင်းမှာတင် ရှေးဦးဘယ်လိုကုသမလဲဆိုတာတွေကို ဒီတစ်ပတ်စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှာနေထိုင်တဲ့ ဒေါက်တာတင့်ဆွေနဲ့ ဝမ်းရောဂါဖြစ်ပွားတဲ့ မြို့နယ်တွေထဲက တစ်ခုဖြစ်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်သူ မအေမီ တို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ စီစဥ်ဆင်ဆက်ထားပါတယ်။