အာဏာစက်နဲ့ ဈေးနှုန်းချ နိုင်သလား

2024.07.05

လက်ရှိ မြန်မာနိုင်ငံမှာ ဆန်၊ ဆီ၊ ဆေးဝါး အပါအဝင် အခြေခံကုန်စျေးနှုန်းတွေ မကြုံဖူးလောက်အောင် မြင့်တက်နေပြီး သာမန်ပြည်သူတွေအတွက် အခက်အခဲဆုံးအခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဆန်တစ်ပြည် ငါးထောင်ကျော်၊ ဘဲဥတစ်လုံး ငါးရာနဲ့ စားသုံးဆီ တစ်ပိသာ တစ်သောင်းနီးပါးအထိ ဖြစ်နေပြီး တချို့နေရာမှာ ဝယ်ယူလို့မရတော့အောင် ပြတ်လပ်နေတဲ့အခြေအနေအထိ ပြည်သူတွေကြုံနေရပါတယ်။

ဒေါ်လာစျေး၊ ရွှေစျေးတွေ အဆမတန်မြင့်တက်လာခဲ့ပြီးနောက်ဆက်တွဲ ကုန်စျေးနှုန်းတွေကလည်း အလျင်အမြန်ထိုးတက်လာခဲ့တာပါ။ ဒီအခြေအနေတွေကို ထိန်းနိုင်ဖို့အတွက် အာဏာသိမ်း စစ်ကောင်စီက ရွှေကုန်သည်၊ ဆန်ကုန်သည်၊ ဒေါ်လာအရောင်းအဝယ်လုပ်တဲ့သူတွေကို ဖမ်းဆီးတာတွေ ရှိနေပါတယ်။ ဒီဖမ်းဆီးအရေးယူတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်က စျေးနှုန်းမြင့်တက်မှုတွေကို ထိန်းချုပ်နိုင်ပါ့မလား၊ ဒီလိုဖမ်းဆီမှုတွေကြောင့် အကျိုးသက်ရောက်မှုဘာတွေဖြစ်လာနိုင်မလဲ၊ ဒီအကြောင်းတွေကို ဒီတစ်ပတ်စကားဝိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ရန်ကုန်မြို့ခံတစ်ဦးဖြစ်တဲ့ မသီရိ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိ စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။