“ဆက်သွယ်ရေးဖြတ်တောက်မှုကြောင့် ဘယ်လိုဆိုးကျိုးတွေ ရှိနေသလဲ”

RFA Burmese
2025.03.07

၂ဝ၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်တာနက် ဆက်သွယ်ရေး ဖြတ်တောက်မှု အဆိုးရွားဆုံး တိုင်းပြည်ဖြစ်လာတယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Access Now အဖွဲ့က ‌ဖေဖော်ဝါရီ ၂၄ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်ဖြတ်တောက်မှုတွေကို စစ်ကောင်စီအပြင် NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကပါ လုပ်ဆောင်ခဲ့ကြောင်း အင်တာနက်လွတ်လပ်ခွင့် စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့တွေကလည်း ထုတ်ပြန်ထားကြပါတယ်။

အင်တာနက်ဖြတ်တောက်မှုတွေကြောင့် မြန်မာပြည်သူတွေဟာ ပညာရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးကိစ္စတွေ အပါအဝင် တခြား ထိခိုက်ဆုံးရှုံးမှုတွေ အများအပြား ရှိနေပါတယ်။ ဒီဆိုးကျိုးတွေက ဘာတွေလဲ၊ ဒီလိုအခက်အခဲတွေကို ဘယ်လို ရင်ဆိုင် ဖြေရှင်းနိုင်မလဲ၊ ဒီအကြောင်းတွေကို ဒီတစ်ပတ် RFA စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ Access Now အဖွဲ့က မဝေဖြိုးမြင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ (အသံ) ရဲ့ အမှုဆောင်ဒါရိုက်တာ မဇက်ပီ၊ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ကိုသက်ဦးတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်ထွန်းနိုင် စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။