မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့သတင်းဌာနတွေနဲ့ RFA အခန်းကဏ္ဍ

RFA Burmese
2025.03.20

နှစ်ပေါင်း ၃၀ နီးပါး မြန်မာနိုင်ငံက ပြည်သူတွေအတွက် လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ရပ်တည်လာခဲ့တဲ့ လွတ်လပ်တဲ့အာရှအသံ RFA ဟာ အမေရိကန်အစိုးရက နှစ်စဉ်ထုတ်ပေးနေကျ ရန်ပုံငွေတွေကို မတ်လ ၁၅ ရက်နေ့က စပြီး ဖြတ်တောက်လိုက်တဲ့အတွက် အခုအချိန်မှာ ဝန်ထမ်းဦးရေ အနည်းငယ်နဲ့ သာ ရပ်တည် လည်ပတ်ရတော့မှာဖြစ်ပါတယ်။ ဒီကာလမှာ RFA စကားဝိုင်းအပါအဝင် တင်ဆက်နေကျ အစီအစဉ် အားလုံးနီးပါး ရပ်နားထားရမှာဖြစ်ပါတယ်။ ဒီအချိန်ကာလနဲ့တိုက်ဆိုင်ပြီး ဒီတစ်ပတ် အထူးအမှတ်တရ အစီအစဉ်အနေနဲ့ RFA မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ RFA ဝိုင်းတော်သူ၊ ဝိုင်းတော်သားတွေရဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာအခန်းကဏ္ဍအရေးပါပုံနဲ့ RFA ရပ်တည်ချက်နဲ့ အမှတ်တရတွေအကြောင်း ဆွေးနွေးထားပါတယ်။

RFA မြန်မာဌာနရဲ့ ဒုတိယဌာနမှူး ဦးကျော်မင်းထွန်း၊ အကြီးတန်း သတင်းထောက် ဒေါ်စမ်းစမ်းတင်နဲ့ အကြီးတန်းအယ်ဒီတာ ဦးနေရိန်ကျော် တို့ ပါဝင်ဆွေးနွေးထားပါတယ်။ RFA ဝိုင်းတော်သူ မသီရိမင်းဇင် စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။