ဒရုန်းစစ်ဆင်ရေးနဲ့ လေကြောင်းတိုက်ခိုက်မှု အားပြိုင်နေသလား

2024.05.24

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဒရုန်းစစ်ဆင်ရေးကြောင့် အထိနာခဲ့တဲ့ စစ်ကောင်စီက ဒရုန်းတပ်ဖွဲ့တွေ အလျင်အမြန်ဖွဲ့စည်းပြီး တန်ပြန်စစ်ဆင်ရေးတွေ ဖော်ဆောင်လာပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း လေတပ်အင်အားအခိုင်အမာရှိတဲ့ နေပြည်တော်က အေလာလေတပ်စခန်းနဲ့ စစ်ရုံးချုပ်တို့အထိ ဒရုန်းစစ်ဆင်ရေးတွေ ဖော်ဆောင်လာတဲ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ခုခံကာကွယ်တဲ့နေရာမှာလည်း စစ်ရဟတ်ယာဉ်နဲ့ ဂျက်တိုက်လေယာဉ် စုစုပေါင်း ရှစ်စီးအထိ ပစ်ချတိုက်ခိုက်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုတွေနဲ့အပြိုင် စစ်ကောင်စီလေတပ်က ဘယ်လိုစစ်ရေးဗျူဟာတွေ စစ်လက်နက်ပစ္စည်းတွေ ပြောင်းလဲပြင်ဆင်လာလဲ၊ လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလုပ်လာတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်က တော်လှန်ရေးအင်အားစုတွေအပေါ် ဘယ်လောက်သက်ရောက်မှုရှိနေလဲ ဆိုတာတွေ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တပ်ဖွဲ့မှူး ကိုအောင်စံရှား၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC လူကယ်ပြန်ဌာနရဲ့ ဒုတိယဌာနမှူး မမော်ရီးရီ၊ CDM လေတပ်အရာရှိ ကိုမိုက်နဲ့ CDM လေတပ် တပ်ကြပ်ကြီး ကိုဇေယျတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။