သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-28
အစိုးရနဲ့ NCA မှာ လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းနေဆဲဖြစ်တဲ့ ရခိုင်အမျိုးသားကောင်စီ ANC ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးနိုင်စိုးကို စစ်တွေမြို့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ဖမ်းဆီးထားတာကို ကန့်ကွက်ကြောင်းနဲ့ အဲဒီဗုံးပေါက်ကွဲမှုမှာ ပါဝင်မှုမရှိတဲ့ အတွက် ပြန်လွှတ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေးပို့ထားတယ်လို့ ANC က မနေ့က သတင်း ထုတ်ပြန်လိုက်ပါတယ်။
2018-02-28
အငြင်းပွားစရာ ပုဒ်မတွေ ပါဝင်နေပြီး ငွေမဲခဝါချတဲ့ ဥပဒေကြမ်းအဖြစ် ဝေဖန်မှုတွေ ရှိနေတဲ့ ပြည်ထောင်စုအစိုးရရဲ့ "၂၀၁၈ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်း"နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2018-02-28
ရိုဟင်ဂျာမွတ်စလင်တွေကို genocide ဆိုတဲ့ လူမျိုးတုန်းသတ်တာ ခုရပ်ဆိုင်းလိုက်ဖို့နဲ့ ဒါမှမဟုတ် ခုံရုံးနဲ့ ရင်ဆိုင်ရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်တပ် ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အမျိုးသမီးသုံးဦးက မနေ့က တိုက်တွန်းသတိပေးလိုက်ပါတယ်။
2018-02-28
ဖမ်းဆီးခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုနဲ့ပတ်သက်ပြီး အစိုးရဘက်က သက်သေအဖြစ် တင်ပြတဲ့ ကိုကျော်ရှိန် ဆိုသူက အဲဒီသတင်းထောက် ၂ ဦးကို စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့ကြောင်း တရားရုံးမှာ မနေ့က ထွက်ဆိုပါတယ်။
2018-02-28
ရခိုင်ပြည်နယ်က ထွက်ခွာပြီး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၂ ခုအကြားက နယ်ခြားဇုန်မှာ သွားရောက်နေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင် ရာပေါင်းများစွာဟာ မြန်မာလုံခြုံရေးအဖွဲ့တွေက အဲဒီနေရာကနေ ထွက်ခွာကြဖို့ နေ့စဉ် ထပ်တလဲလဲ ပြောနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းဘက်ကို ပြောင်းရွှေ့သွားခဲ့ကြတယ်လို့ မွတ်စလင်ခေါင်းဆောင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က ပြောပါတယ်။
2018-02-28
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားဒေသမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာမွတ်စလင် ၂ ထောင်ကျော် ၃ ထောင်နီးပါးလောက် ပြီးခဲ့တဲ့ရက်အနည်းငယ်ထဲက နယ်ခြားဒေသကို ဖြတ်သန်းလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်လာကြတယ်လို့ ဘင်္ဂလားဒေ့ရှ်အရာရှိတဦးက ပြောပါတယ်။
2018-02-28
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားဒေသမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာမွတ်စလင် ၂ ထောင်ကျော် ၃ ထောင်နီးပါးလောက် ပြီးခဲ့တဲ့ ရက်ထဲက နယ်ခြားဒေသကို ဖြတ်သန်းလာပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ဒုက္ခသည်စခန်းတွေ ရှိရာကို သွားနေကြပါတယ်။
2018-02-28
မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်နဲ့ ဓါတုလက်နက်များမှာ အသုံးပြုတဲ့ပစ္စည်းတွေ၊ နည်းပညာတွေကို မြန်မာနိုင်ငံနဲ့ ဆီးရီးယားတို့ကို တင်ပို့ခဲ့တယ်လို့ ကုလကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတယ်လို့ AP သတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။
2018-02-28
ရန်ုကုန်၊ မန္တလေး ၊ ကျိုက်ထီးရိုးနဲ့ မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်ဈေးကွက်တွေမှာ ဆင်နဲ့ တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနေတာ ပိတ်ပင်ရပ်တန့်ပစ်ဖို့ မြန်မာအစိုးရ ကို EU ဥရောပသမဂ္ဂက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။ မတ်လ ၃ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များနေ့အဖြစ် EU ဥရောပသမဂ္ဂက အခုလို ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။
2018-02-28
ငြိမ်းချမ်းရေးအတွက် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြားမှာ အစိုးရကို ညှိနှိုင်းပေးစေချင်တယ်ဆိုရင် စကားနားထောင် ရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
2018-02-28
တစ်လမှာ ဝင်ငွေကျပ် ငါးသိန်းအထက်နဲ့ တစ်နှစ်မှာ ငွေကျပ် သိန်း ၆၀ အထက်ရှိသူတွေ ဝင်ငွေခွန်ဆောင်ရမယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းက ဒီနေ့ ပြောပါတယ်။
2018-02-28
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီ ဂုဏ်ပြုထောက်ခံပွဲကို မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒီနေ့ မွန်ပြည်နယ် ချောင်းဆုံမြို့၊ ချောင်းဆုံအနောက်စိန်ပါတီကွင်းမှာ ကျင်းပခဲ့ပါတယ်။
2018-02-28
၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေး ကော်မတီက ဦးဆောင်ပြီး လူအင်အား ၂၀၀ ကျော်က ဒီကနေ့ မြစ်ကြီးနားမြို့မှာ ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။
2018-02-28
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လက်လုပ်မိုင်း ပေါက်ကွဲမှုနဲ့ ဆက်နွယ်ပြီး အရပ်သားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေရာမှာ ဒီနေ့အထိ ဖမ်းဆီးခံထားရသူ ၈ ဦးရှိနေပြီဖြစ်ပါတယ်။
2018-02-28
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ဖို့အတွက် ကဝမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဌာနချုပ်ထံ တင်ပြထားပါတယ်။