ရိုဟင်ဂျာ ၃ ထောင်နီးပါး ဘင်္ဂလားဒေ့ရှ်ကို ထပ်မံရောက်ရှိ


2018.02.28
muslim-flee-622.jpg ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ မွတ်စလင်တွေကို တွေ့ရစဉ်
Photo: UNHCR in Bangladesh Facebook

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားဒေသမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာမွတ်စလင် ၂ ထောင်ကျော် ၃ ထောင်နီး ပါးလောက် ပြီးခဲ့တဲ့ရက်အနည်းငယ်ထဲက နယ်ခြားဒေသကို ဖြတ်သန်းလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်လာကြတယ်လို့ ဘင်္ဂလားဒေ့ရှ်အရာရှိတဦးက ပြောပါတယ်။

နှစ်နိုင်ငံနယ်ခြားဒေသမှာ နေထိုင်နေကြသူတွေရဲ့တဝက်လောက်ဟာ ဒီကနေ့ညနေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်ထဲ ဝင်ရောက်လာကြပြီး ဒုက္ခသည်စခန်းတွေရှိရာကို သွားနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဗိုလ်မှူး အာဂဘဲ- အာမက်က ပြောပါတယ်။

သူတို့ဟာ အကြောက်တရားနဲ့ နေရတဲ့မြေထဲက ထွက်ခွာလာကြတာပါ။ သူတို့ထဲကတချို့နဲ့ စကားပြောဖြစ်ပြီး သူတို့ကိုအိမ်ပြန်ဖို့ တိုက်တွန်းတဲ့အခါ သူတို့အထဲက ခေါင်းဆောင်တယောက်က မပြန်ဘူးလို့ ပြောတယ်လို့ အဲဒီအရာရှိက ဆက်ပြောပါတယ်။

သူတို့ဟာ အမြဲပဲအထိတ်ထိတ်အလန့်လန့်နေနေရကြောင်းနဲ့ မြန်မာအစိုးရကဖွင့်ထားတဲ့ ယာယီစောင့်ရှောက်ရေး စခန်းတွေနဲ့ အိမ်အသစ်တွေဆီကို ပြန်မှာမဟုတ်ဘူး၊ အဲဒီမှာ ဘဝအာမခံချက် မရှိသလို သူတို့ဟာ နိုင်ငံသားဖြစ်ခွင့် အပါအဝင် တခြားလူ့အခွင့်အရေးတွေ လိုအပ်နေပါတယ်လို့ အဲဒီလူတွေကပြောတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။