အာဆာခေါင်းဆောင်လွတ်မြောက်ရေး ရိုဟင်ဂျာဒုက္ခသည်တွေဆုတောင်း
2025.03.20

လူသတ်မှု၊ တရားမဝင်ဝင်ရောက်မှုနဲ့ စစ်သွေးကြွလှုပ်ရှားမှု စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးခံရတဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ခေါင်းဆောင် အာတာအူလ္လာ (Ataullah) စောစီးစွာလွတ်မြောက်ရေး ဆုတောင်းဖို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မတ် ၁၉ ရက်က သီးခြားစီစုဝေးကြတယ်လို့ ရိုက်တာက မတ် ၂၀ မှာ ဖော်ပြပါတယ်။
အာဆာခေါင်းဆောင်အပါအဝင် လူဆယ်ယောက်ကို ဒက္ကားမြို့တော်နားမှာ ဖမ်းဆီးမိတာပါ။
၂၀၁၇ မှာ နယ်ခြားစောင့်စခန်းတွေကို အာဆာက တိုက်ခိုက်တာဟာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို နှိမ်နင်းလို့ ဒုက္ခသည် ခုနစ်သိန်းခွဲ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပါတယ်။ အာဆာခေါင်းဆောင်လွတ်မြောက်ရေးဆုတောင်းဖို့ ဗုဒ္ဓဟူးနေ့က သီးခြားစီစုဝေးကြတဲ့ ဗီဒီယိုတွေလည်း ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သူလွတ်မြောက်ဖို့ ရိုဟင်ဂျာတွေ ဆုတောင်းကြပေမဲ့ စခန်းတွေက တချို့ဒုက္ခသည်တွေကတော့ အာဆာခေါင်းဆောင်ဖမ်းဆီးခံရတာကို ဝမ်းသာကြတယ်ဆိုပါတယ်။ သူ့ကိုဖမ်းဆီးလိုက်တာဟာ တရားဥပဒေစိုးမိုးရေး တိုးတက်တယ်လို့ ယူဆကြပါတယ်။