ကုလ ပိတ်ဆို့ထားတဲ့ လက်နက်တွေ မြန်မာနဲ့ ဆီးရီးယားကို မြောက်ကိုရီးယားတင်ပို့


2018.02.28
north-korea-weapon-622.jpg မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တိုက်ချင်းပစ်ဒုံးကျည်လက်နက်ကို စစ်ဆေးနေစဉ်
Korean Central News Agency/Korea News Service

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်နဲ့ ဓါတုလက်နက်များမှာ အသုံးပြုတဲ့ပစ္စည်းတွေ၊ နည်းပညာတွေကို မြန်မာနိုင်ငံနဲ့ ဆီးရီးယားတို့ကို တင်ပို့ခဲ့တယ်လို့ ကုလကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတယ်လို့ AP သတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။

စာမျက်နှာ ၂၀၀ ကျော်ပါရှိတဲ့ အစီရင်ခံစာမှာ မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံကို သမရိုးကျ စစ်လက်နက် ပစ္စည်းတွေ၊ မြေပြင်က ဝေဟင်ပစ်ဒုံးကျည်တွေ၊ ဒုံးကျည်လောင်ချာတွေကို တင်ပို့ခဲ့တယ်လို့ ဖေါ်ပြထားပြီး အလားတူပဲ ဆီးရီးယားနိုင်ငံကိုလည်း ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ အတွင်း စစ်ဘက်ပစ္စည်းအမျိုးပေါင်း ၄၀ကျော် တင်ပို့ခဲ့တယ်လု့ိ ပါရှိပါတယ်။

အစီရင်ခံစာမှာ မြောက်ကိုရီးယားအနေနဲ့ ကုလသမဂ္ဂက ကန့်သတ်ပိတ်ပင်ချက်တွေကို ဂရုမစိုက်ဘဲ မြန်မာနဲ့ဆီးရီးယားတို့နဲ့ တရားမဝင်ကုန်သွယ်မှုတွေ ပြုလုပ်ခဲ့တာမှာ၊ မနှစ်က ၉ လတာအချိန်အတွင်း အမေရိကန်ဒေါ်လာ သန်း၂၀၀ကျော်ဖိုးဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။