မြန်မာကို အတုယူဖို့ မြောက်ကိုရီးယားကို အမေရိကန် တိုက်တွန်း


2015.02.05
kim-jong-un-305.jpeg မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို တွေ့ရစဉ်
Photo: RFA

မြောက်ကိုရီးယားအနေနဲ့ မြန်မာနိုင်ငံကို အတုယူသင့် တယ်လို့ အမေရိကန်အစိုးရ နိုင်ငံခြားေရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုလက်ထောက် ဝန်ကြီး မစ္စတာ Daniel Russel က ပြောပါတယ်။

မြောက်ကိုရီးယား အသွင်ကူးပြောင်းရေးအတွက် အစိုးရအပြောင်းအလဲလုပ်စရာမလိုဘူး ဆိုတာ မြန်မာနိုင်ငံက ပြသနေပါတယ်၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ပြည်သူတွေရဲ့ ဘဝတွေပြောင်းလဲမှု၊ နိုင်ငံတကာ အကူအညီတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဝင်ရောက်လာအောင်၊ နိုင် ငံတကာနဲ့ ဆက်ဆံရေးပွင့်လာအောင် တော်လှန်ရေး ဆင်နွဲစရာမလိုပါဘူးလို့ ဝါရှင်တန်ဒီစီ မြို့ နိုင်ငံခြားရေးရုံး သတင်းပြန်ကြားရေးဌာနမှာ မနေ့က ပြောကြားခဲ့ တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သမ္မတ အိုဘားမားက တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ မြောက်ကိုရီးယားလို အထီးကျန်ဆန်လွန်းပြီး၊ တခြားနိုင်ငံက သတင်းအချက်အလက်တွေ ဖေါက်ထွင်းခိုးယူနေတဲ့ နိုင်ငံမျိုးဟာ ပြိုလဲကျဆုံးသွားဖို့သာရှိတယ်လို့ ပြောဆိုခဲ့တဲ့အပေါ်၊ မြောက်ကိုရီးယားက ဝေဖန်ခဲ့တာနဲ့ ပတ်သက်ပြီး မစ္စတာ Daniel Russel က တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။