မြန်မာနိုင်ငံ အပြည့်အဝပိတ်ဆို့မှုဘေးက လွတ်မြောက်နေဆဲလို့ AP သတင်းရေးသား


2018.03.26
army-day-2016-622.jpg ၂၀၁၆ ခုနှစ် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရေးပြနေစဉ်
Photo: RFA

နျူကလီယားလက်နက်ကိုင်ဆောင်ထားတဲ့ မြောက်ကိုးရီးယားနဲ့ ကုန်သွယ်နေတဲ့ ကမ္ဘာ့နိုင်ငံတွေကို အမေရိကန်က အရေးယူပိတ်ဆို့မှုတွေလုပ်နေပေမဲ့ မြောက်ကိုးရီးယားဆီကနေ ဒုံးပျံဆိုင်ရာနည်းပညာတွေကို လေ့လာနေတဲ့ မြန်မာနိုင်ငံကတော့ အပြည့်အဝ အရေးယူပိတ်ဆို့ခံရတဲ့ဘေးက လွတ်မြောက်နေဆဲဖြစ်တယ်လို့ ဒီကနေ့ထုတ် AP သတင်းတပုဒ်မှာ ရေးသားထားပါတယ်။

မြန်မာနဲ့ မြောက်ကိုးရီးယားအကြားက လက်နက်နဲ့ပတ်သက်နေတဲ့ နှစ်ပေါင်းရှည်ကြာဆက်ဆံရေးအတွက် အမေရိကန်လွှတ်တော်နှစ်ရပ်လုံးမှာ ရှိတဲ့အမတ်တွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကအရပ်သားအစိုးရကို အောင်မြင်စေချင်ပါတယ်။ ဒါကြောင့် မြောက်ကိုးရီးယားနဲ့ စစ်ရေးဆိုင်ရာ ကုန်သွယ်မှုတွေလုပ်နေတာကို သည်းမခံနိုင်တာပါလို့ ရီပတ်ဘလစ်ကန်အမတ် ဆမ်ကိုရီ ဂါဒန်နာ (Sen. Cory Gardner) က ပြောသလို မြောက်ကိုးရီးယားဆီကနေ လက်နက်တွေဝယ်နေတဲ့ မြန်မာအာဏာပိုင်တွေကို ပိတ်ဆို့အရေးယူရမယ်လို့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံခြားရေးရာကော်မီတီရဲ့ ဥက္ကဌ အက်ဒ်ရွက်စ် ကပြောပါတယ်။

သမ္မတအိုဘားမားလက်ထက် ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပိတ်ဆို့အရေးယူမှုတွေကို လျော့ပေးခဲ့ပါတယ်။ သမ္မတဒေါ်နယ်ထရမ့် လက်ထက်မှာတော့ အရင်က နာမည်ပျက်စာရင်း Black List သတ်မှတ်ခံထားရတဲ့လူတွေနဲ့ ကုမ္ပဏီတွေဟာ အမေရိကန်ပြည်ထောင်စုထဲမှာ စီးပွားရေးလုပ်ခွင့်မရှိတာ၊ အမေရိကန်ငွေကြေးစနစ်ကို အသုံးပြုခွင့်မရှိတာလိုမျိုး ပိတ်ဆို့အရေးယူမှုတွေ ထပ်ပြီ မခံရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။