မြောက်ကိုရီးယား လက်နက် မြန်မာဝယ်နေဆဲလို့ ကန်ပြော
2014.03.05

မြန်မာအစိုးရဟာ မြောက်ကိုရီးယားနိုင်ငံကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနေဆဲဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဌာနက မနေ့က ပြောလိုက် ပါတယ်။
ကာကွယ်ရေးဌာနက အထက်လွှတ်တော်ကိုတင်သွင်း တဲ့ မြောက်ကိုရီးယားရဲ့ စစ်လက်နက်ပစ္စည်းဆိုင်ရာ အစီရင်ခံစာမှာ မြောက်ကိုရီးယားဟာ လက်နက်ရောင်းဝယ် ဖေါက်ကားမှုအတွက် ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်တစ်ခုကို အသုံးပြုနေတယ် လို့ ဆိုပါတယ်။
မြောက်ကိုရီးယားက လက်နက်ရောင်းနေတဲ့ နိုင်ငံစာရင်းတွေထဲမှာ အီရန်၊ ဆီးရီးယား နဲ့ မြန်မာနိုင်ငံ ပါဝင်နေပြီး၊ မြန်မာဟာ အခုချိန်မှာတော့ မြောက်ကိုရီးယားနဲ့မဆက်ဆံဖြစ်အောင် ကြိုးစားဆောင်ရွက်နေပြီလို့လည်း ထည့်သွင်းဖေါ်ပြထားပါတယ်။ မြောက်ကိုရီးယားဆီကနေ လက်နက်ဝယ်တာရပ်ဆိုင်းဖို့ အမေရိကန်ပြည်ထောင်စု က မြန်မာအစိုးရကို ဖိအားပေးထားသလို၊ မြန်မာအစိုးရ ကလည်း မြောက်ကိုရီးယားအပေါ်ချမှတ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာက ချိုးဖေါက်တာမရှိဘူးလို့ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကတော့ မြန်မာ့တပ်မတော်က ဗိုလ်ချုပ်တစ်ဦးကို မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုအတွက် အမေရိကန်က အမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။