နယ်ခြားဇုန်က မွတ်စလင်တွေ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်ပြောကြား


2018.02.28
rohingya-refugees-622 မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတဲ့ မွတ်စလင်တွေကို တွေ့ရစဉ်
Photo: BenarNews

ရခိုင်ပြည်နယ်က ထွက်ခွာပြီး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၂ ခုအကြားက နယ်ခြားဇုန်မှာ သွားရောက်နေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင် ရာပေါင်းများစွာဟာ မြန်မာလုံခြုံရေးအဖွဲ့တွေက အဲဒီနေရာကနေ ထွက်ခွာကြဖို့ နေ့စဉ် ထပ်တလဲလဲ ပြောနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းဘက်ကို ပြောင်းရွှေ့သွားခဲ့ကြတယ်လို့ မွတ်စလင်ခေါင်းဆောင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က ပြောဆိုချက် မသိရသေးပါဘူး၊၊ ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသ ကော်မရှင်မင်းကြီး Abdul Mannan အဗ်ဒူလ် မင်းနင် က ၂ နိုင်ငံနယ်ခြားဇုံမှာ လက်ရှိနေထိုင်တဲ့ မွတ်စလင်တွေကို မြန်မာပြည် ပြန်ပို့ရေးအတွက် သူတို့ ဆောင် ရွက်နေကြောင်း မနေ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။