၂၀၁၈ ခုနှစ် အခွန်အကောက် ဥပဒေကြမ်း အစီရင်ခံစာ မေးမြန်းချက်


2018.02.28

အငြင်းပွားစရာ ပုဒ်မတွေ ပါဝင်နေပြီး ငွေမဲခဝါချတဲ့ ဥပဒေကြမ်းအဖြစ် ဝေဖန်မှုတွေ ရှိနေတဲ့ ပြည်ထောင်စုအစိုးရရဲ့ "၂၀၁၈ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်း"နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ ကန့်သတ်ချက်နဲ့ အခွန်လျှော့ချမှု လုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ပါဝင်ပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ (၂) ဦးအောင်မင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။