မွတ်စလင် ၃ ထောင်နီးပါး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းဆီ ထွက်ခွာ
2018.02.28
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားဒေသမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာမွတ်စလင် ၂ ထောင်ကျော် ၃ ထောင်နီးပါးလောက် ပြီးခဲ့တဲ့ရက်ထဲက နယ်ခြားဒေသကို ဖြတ်သန်းလာပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ဒုက္ခသည်စခန်းတွေရှိရာကို သွားနေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။