သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-24
၇၇ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ရုရှားတိုက်လေယာဉ်ပျံသန်းမှုကို ရုရှားကာကွယ်ရေးဒု-ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး Alexander V. Fomin ကိုယ်တိုင် တက်ရောက်ကြည့်ရှုမယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ RFA က စုံစမ်းသိရပါတယ်။
2022-03-24
မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက သင်တောနဲ့ ရွှေဘိုရွာက ဒေသခံတွေကို စစ်ကောင်စီတပ်သားတွေက ပျူစောထီးအဖွဲ့ထဲ ပါဝင်ဖို့ ဖိအားပေးခြိမ်းခြောက်နေတယ်လို့ ရွှေဘိုဒေသခံတွေက RFA ကို ပြောပါတယ်။
2022-03-24
လပွတ္တာမြို့နယ် အမှတ် (၂) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသား ကိုစောမျိုးဆက်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားပြီး ၃ ရက်အကြာမှာပဲ သေဆုံးသွားပါတယ်။
2022-03-24
Fortify Rights အဖွဲ့က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ပထမခြောက်လအတွင်း အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ “လုံခြုံရာအရပ် ကင်းမဲ့နေခြင်း” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာတစ်စောင်ကို မတ်လ ၂၄ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
2022-03-24
မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ပထမဆုံးအကြိမ် မြန်မာခရီးစဉ်ဟာ အတိုက်အခံအင်အားစုတွေနဲ့ မတွေ့ဆုံနိုင်ဘဲ အဆုံးသတ်ခဲ့တာပါ။
2022-03-24
ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်း ရေး ဥပဒေ ပုဒ်မ - ၂၄ နဲ့ ဖမ်းဆီးခံထားရတဲ့ ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေနဲ့ သားဖြစ်သူ ဇေသီဟ တို့ကို လာမယ့် ဧပြီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ရုံးထုတ်စစ်ဆေးဖို့ ရှိတယ်လို့ ဗဟန်းရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
2022-03-24
မန္တလေးအခြေစိုက် Mandalay Free Press (MFP) သတင်းဌာန ရုပ်သံထုတ်လုပ်မှုအတွက် အကူအညီပေးနေသူ ကိုအောင်ဇော်ဇော်ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က)နဲ့ မတ်လ ၂၂ ရက်နေ့မှာပဲ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်နှစ်နှစ် ချလိုက်ပါတယ်။
2022-03-24
စစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးမှာ နေရာမကျန် ကျင်းပနိုင်အောင် ကြိုးစားနေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
2022-03-24
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ နှောရိုးရွာက ရဟန်းတစ်ပါးနဲ့ ဒေသခံ အမျိုးသား စုစုပေါင်း ရှစ်ဦးကို မတ်လ ၂၄ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-03-24
စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ အခုမတ်လထဲမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပိုဆိုးလာပါတယ်။
2022-03-24
ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ရွာ ကယောလူမျိုးတွေ အများဆုံးရှိတဲ့ ကယောပိုင်းမှာ လွန်ခဲ့တဲ့ နှစ်လနီးပါးက စားနပ်ရိက္ခာပြန်ယူရင်း အသတ်ခံလိုက်ရတဲ့ ဒေသခံ ငါးဦးအနက် သုံးဦးရဲ့ ရုပ်အလောင်းကို မနေ့က ပြန်လည် တွေ့ရှိခဲ့ပါတယ်။
2022-03-24
ကရင်ပြည်နယ် မြ၀တီမြို့၊ ကော့ကရိတ် - မြဝတီ အာရှလမ်းမနားက ကွင်းကလေးရွာကို မတ်လ ၂၄ ရက် ဒီနေ့ မနက်အစောပိုင်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဦးခေါင်းပွင့်သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-03-24
စစ်ကိုင်းတိုင်း မင်းကင်းမြိုနယ်၊ ကလေးဝ - ယာကြီးလမ်းဘေးမှာရှိတဲ့ ကျော်ရွာအနီးမှာ မတ်လ ၂၃ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် အနီးအနား ရွာတွေက ဒေသခံ ခုနစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ တောင်တွင်း (PDF) ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
2022-03-23
သက်ဆိုင်ရာနိုင်ငံက ခွင့်မပြုဘဲ လက်နက်ခဲယမ်း မီးကျောက်တွေ၊ စက်လက်နက်ပစ္စည်း အစိတ်အပိုင်းတွေကို နိုင်ငံကနယ်နိမိတ်ကို ဖြတ်ကျော်ပြီး နောက်တစ်နေရာ နောက်တစ်နိုင်ငံကို တင်သွင်း၊ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်းတာကို လက်နက်မှောင်ခို အရောင်းအဝယ်လုပ်တယ်လို့ သတ်မှတ်ပါတယ်။
2022-03-23
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ကလေး-ဂန့်ဂေါကားလမ်းပေါ်မှာရှိတဲ့ နတ်ချောင်းရွာကို ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ပြီး အိမ်ခြေ ၇၈ လုံးကို မီးရှို့သွားခဲ့ပါတယ်။